ဘာထင်နေလဲ????
လက်ထပ်ပြီး ခါစ ဇနီးမောင်နှံ နှစ်ဦးသည် ၄င်းတို့၏ အိမ်သစ် သို့ ပြောင်းရွှေ့ နေထိုင်ကြသည်။ ရက် အနည်းငယ် ကြာသော အခါ မိန်းမက ယောက်ျားအား အခုလိုပြောသည်။
ရေချိုခန်းထဲက ရေပိုက်ပေါက် နေတာကို ပြင်လိုက်ဦး နော် ။
မင်းကိုယ့်ကို ဘာထင်လို့လဲ ။ ပိုက်ပြင်သမား များ အောက်မေ့နေသလား ဟုပြန်ပြော ၏၊ နောက် ရက် အနည်းငယ်ကြာသောအခါတွင် မိန်းမက ….
အိမ်ခေါင်မိုးက မိုးယိုနေတယ် ကို။ ကိုပြင်တတ် မဟုတ်လား ဟုပြောပြန်ရော ယောက်ျားက….
မိန်းမရယ်။ မင်းကိုယ့်ကို လက်သမားများ အောက်မေ့နေသလား ကွာ ။ နောက်ထပ် ရက် သတ္တပတ် ကြာသောအခါတွင်မိန်းမက ယောက်ျားအား အပျက်အစီး အားလုံး ပြင်ဆင်ပြီးပြီ ဖြစ်ကြောင်း ပြောသည်။
အဲဒီ အတွက်ကိုယ်ပိုက်ဆံဘယ်လောက်ပေးရမလဲ ဟု ယောက်ျားက မေးရာ …
တစ်ပြားမှ ပေးစရာ မလိုဘူး ကို။ လုပ်တတ် ကိုင်တတ်ရှိတဲ့ လူတစ်ယောက် ကို ကျွန်မ ခေါ်ပြင်ခိုင်း လိုက်တာ။ သူကပြောတယ်။ အဲဒါတွေ ပြင်ဆင်ခ အတွက် ကျွန်မက ကိတ်မုန့်တစ်လုံး ဖုတ်ပေးရင် ပေး ဒါမှမဟုတ် သူ့အလိုတစ်ခု လိုက်ရမယ် တဲ့။
မင်းသူ့ကို ဘာကိတ်မုန့် ဖုတ်ပေးလိုက်သလဲ ဟုယောက်ျားက မေးရာ…..
ကို ကလည်း ။ ကျွန်မကို ကိတ်မုန့်ဆိုင်က မိန်းကလေးများ အောက်မေ့နေသလား ။
မှာကြားချက်
သမီး … ယောက်ျားလေးတစ်ယောက် သမီးနာကပ်လာရင် ဘယ်လိုလုပ်မလဲအမေ ။
အမေ Don’t (မကပ်နဲ့) လို့ပြောပါ။
သမီး သူက သမီးကို နမ်းဖို့ကြိုးစားရင်ရော အမေ ။
အမေ Stop (ရပ်လိုက်) လို့ ပြောပေါ့ သမီးရဲ့ ။
သမီးက နောက်နေ့တွင် ကျောင်းသွား၍ ယောက်ျားလေး တစ်ယောက်က သူမစိုးရိမ်သည့် အတိုင်း ပြုမူလေရာ ဗလုံးပထွေးနှင့် အခုလိုပြောပါသည်။
Don’t Stop (မရပ်နဲ့) ဟူ၍……
ငတုံးလေး
ကလေးငယ်တစ်ဦး ဆံပင်ညှပ်ဆိုင်သို့ ၀င်လာသောအခါဆံပင်ညှပ်သူက ၄င်းဆံပင်ညှပ်ပေးနေသူအား အခုလိုပြော သည်။
အဲဒီကလေးဟာ တော်တော်တုံးတဲ့ ကလေးလေးဗျ။ခင်ဗျားကြည့်နေ ကျွန်တော်လက်တွေ့ပြမယ်ဟု ဆိုကာ ဆယ် တန်တစ်ရွက်နှင့် ငါးကျပ်တန်တစ်ရွက်ကိုလက်တစ်ဖက်စီတွင် ကိုင်ထားရင်း
ကဲ ကလေး မင်းဘယ်ဟာယူမလဲဟု မေးရာ ကလေးငယ်ကငါးကျပ်တန်ကိုယူ၍ ထွက်သွားပါသည်။
ကျုပ်ပြောတယ်မဟုတ်လား။ ဒီကလေးက ဘယ်တော့မှတစ်ဆယ်တန် ယူရကောင်းမှန်းမသိဘူး။ ဆံပင်ညှပ်သမား က ၄င်း၏ဖောက်သည်အား ပြောလိုက်သည်။ ဆံပင်ညှပ်လာသူလည်းဆံပင်ညှပ်ဆိုင်မှထွက်လာခဲ့ပြီး စောစောက ကလေး ရေခဲမုန့်ဆိုင်မှ ထွက်လာသည်ကို တွေ့သောအခါမနေနိုင်တော့ဘဲ မင်းက တစ်ဆယ်တန်ဘာလို့ မယူတာလဲကွဟု ကလေး ငယ်အားမေးမြန်းရာ သားတစ်ဆယ်တန်ယူလိုက်ရင်နောက်ဆိုသားရေခဲမုန့် ဘယ်စားရတော့မလဲဦးရ။
ကျားနဲ့မ
ကျား - ကျွန်တော်ဓာတ်ပုံဆရာပါ။ မင်းလို လှပတဲ့ မျက်နှာမျိုးလိုက်ရှာနေတာ။
မ - ကျွန်မက မျက်နှာခွဲစိတ်အထူးကုပါ။ ရှင့်လို မျက်နှာမျိုးလိုက်ရှာနေတာ။
ကျား - မင်းနဲ့အတူ ရုပ်ရှင်ကြည့်ရရင် ကိုယ်သေပျော်ပါပြီ။
မ - ကျွန်မတရားခံဖြစ်နေပါဦးမယ်။ ရှင်တစ်ယောက်တည်းပဲ သွားကြည့်ပါ။
ကျား - ပြောပါ။ မရှက်ပါနဲ့။ ကိုယ့်ကို ဘာခိုင်းမလဲ။
မ - ဒါဆို ရှင်ဒီကထွက်သွားပေးပါ။
ကျား - ဒီခုံကနေရာလွတ်လား။
မ - လွတ်ပါတယ်။ ရှင်ထိုင်ရင် ကျွန်မခုံလွတ်သွားမှာပါ။
မေးခွန်း
ခန်းမကြီးတစ်ခုအတွင်း၌ အမျိုးသမီးတစ်ဦးကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်၍ အခမ်းအနားမှူးက ရှောင်တခင်အင်တာဗျူး လုပ်သည်။
ညီမလေး၊ ၁၀၁ နဲ့ ၂၀ ပေါင်းရင် ဘယ်လောက်ရသလဲ။
“၁၂၇”
စင်အောက်မှ ပရိသတ်များ ဟာ ခနဲဖြစ်သွား၏။
မေးဦးမယ်နော်။ ၁၀နဲ့ ၁၃ ပေါင်းရင် ဘယ်လောက်ရမလဲ။
“၁၆”
ပရိသတ်များ ဟာ ခနဲ ထပ်ဖြစ်သွား၏။
နောက်ဆုံးမေးခွန်းပါ။ ၂ နဲ့ ၂ ပေါင်းရင် ဘာရမလဲ။
“၄”
ပရိသတ်များ သောင်းသောင်းဖျဖျ လက်ခုပ်တီးကြ၏။
အဖြေတစ်ခုမှန်သွားတဲ့အတွက် ဂုဏ်ပြုမေးခွန်းထပ်မေးပါရစေ။
၁၀ ကို ၂နဲ့ မြှောက်ရင် ဘာရမလဲ
“၁၈”
အခမ်းအနားမှူး စိတ်ပျက်သွားသည်။ ကျေးဇူးတင်ပါတယ်ဟု ပြော၍ စင်ပေါ်မှ ပြန်ဆင်းနိုင်ပြီဖြစ်ကြောင်း အမူအရာ ပြလိုက်သည်။ အမေးခံရသူ အမျိုးသမီးကပြော၏။ ရှင်လည်း စင်ပေါ်ကဆင်းတော့လေ။ မေးခွန်းကောင်းကောင်း မထုတ်နိုင် ဘဲနဲ့ လျှောက်မေးမနေနဲ့။ လာပါ။ အတူဆင်းရအောင်။