Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Saturday, March 19, 2011

ဝင်းဒိုးနှေးလို့ စိတ်ပျက်နေသလား။ လာထား ၃၀ရာခိုင်နှုန်းပိုမြန်သွားစေရမယ်။

လက်တွေ့လည်းစမ်းသပ်ပြီးသား နောက်ပြီး ဝေမျှပေးဖို့ကောင်းတယ်ထင်တာလေးရေးလိုက်ပါတယ်။
ဝင်းဒိုးမှာသုံးရတာ လုပ်ဆောင်ချက်တွေ နှေးနေလို့ စိတ်ညစ်နေရတယ် ဆိုရင် ၃၀ရာခိုင်နှုန်းပိုမိုမြန်ဆန်စေမယ့် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။
တစ်ခုရှိတာက မြန်ချင်တယ် ဆိုရင်တော့ ကိုယ်သုံးနေတဲ့ ၀င်းဒိုးက အပြင်အဆင် က safe mode ဆန်ဆန်ဖြစ်သွားပါလိမ့်မယ်။
မြန်လာမယ် ဆိုတာတော့ အမှန်ပါပဲ။ Pro သမားတွေအနေနဲ့တော့ အလွယ်လေးဖြစ်ကောင်းဖြစ်မှာပါ။
My computer ကို Right click ခေါက်ပါ။
Properties ကိုသွားပါ။
Advanced ကိုဝင်ပါ။
Advanced ထဲမှာ performance , user profile , start up and recovery ဆိုပြီး သုံးပိုင်းတွေ့ရပါမယ်။
Performance အကွက်ထဲက setting ကို နှိပ်ပါ။
Visual effect ကို ၀င်လိုက်ပါ။
အောက်မှာ ပြထားတဲ့ radio button လေးခုမှာ Adjust for best performance အကွက်ကို ရွေးပေးလိုက်ပါ။
ပြီးရင်အိုကေ နှိပ်ပြီးထွက်လိုက်ပါ။
ပုံစံနည်းနည်းပြောင်းသွားပေမယ့် လုပ်ငန်းဆောင်ရွက်ရာမှာ မြန်ဆန်မှုအလေးသာသွားပါပြီ။
သုံးတာက window 7 ဆိုရင် properties ကိုဝင် ပြီးရင် Advanced system settings ကိုဝင်ပေးရပါတယ်။ ကျန်တာတွေကတော့ အတူတူပါပဲ။

No comments:

Post a Comment

 

Visitors

Flag Counter
 

Designed By Blogs Gone Wild!