Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Thursday, October 31, 2013

ရယ်ကြမယ် မောကြမယ်


တိုက်ခန်းသစ်မှာနေတဲ့ကိုချူချာ
ကိုချူချာ တိုက်ခန်းသစ် ရသည်။ နယ်မှ ရောက်လာသော ဆွေမျိုးများကို
လိုက်ပြသည်။ ကြွားသည်။ ရေဆွဲ အိမ်သာကို ရောက်လာသည်။ ဆွေမျိုးများက
မေးသည်။

"အဲ့ဒါ ဘာခေါ်သလဲ ဘာအတွက် သုံးသလဲ"
"ကျွန်တော်လည်း မသိဘူး၊ ဟောဒီ ကြိုးကို ဆွဲလိုက်ရင် ရေကျလာတယ်။
လက်ဆေးဖို့ အချိန်ရတယ်၊ အဲ... မျက်နှာသစ်ဖို့တော့ အချိန်မမှီဘူး..."

♥♥♥♥♥♥♥♥♥♥
ရှက်လို့
"ခင်ဗျားလက် ကျုပ်အိတ်ထောင်ထဲ ဘာလုပ်နေတာလဲ"
"မီးခြစ်ရှာနေတာပါ"
"တောင်းရင် ပေးမှာပေါ့ဗျ"
"တောင်းရမှာ ရှက်လို့ဗျ..."

♥♥♥♥♥♥♥♥♥♥
ေ*** မဟုတ္ပါ
ပီတာတို့ မိသားစု ညစာ စားနေကြသည်။ သုံးဦးစလုံး ငြိမ်သက်စွာ စားနေကြသည်။
ရုတ်တရက် ပီတာ့ အမေက ပြောသည်။
"သားအရိုးကို ကိုက်မနေနဲ့လေ၊သားဟာေ***မဟုတ်ဘူးကွဲ့၊ ဖေဖေ့ကိုပေးလိုက်..."

♥♥♥♥♥♥♥♥♥♥
မ၀ယ်မနေရ

"ဟေ့လူ ကျုပ်ဆီက ခြောက်လုံးပြူးကို ၀ယ်ပါ..."
"ဟာ ခြောက်လုံးပြူးကို ကျွန်တော်ဘာလုပ်ရမှာလဲ"
"၀ယ်စမ်းပါ၊ ဒါ ရှိသင့်တဲ့ ပစ္စည်း ပြီးတော့ အသစ်ကြီး ကျုပ်နှစ်ခါပဲ ပစ်ရသေးတယ်"
"ဒုတိယ တစ်ခါကလဲ သေချာအောင် ထပ်ပစ်ခဲ့ရတာ ၀ယ်ပါ၊ ခင်ဗျားကို ကျုပ် အကောင်း ပြောတာ"

"ဟာ မ၀ယ်ချင်ပါဘူးဗျာ၊ သေနတ် ရှိနေရင် ပစ်ချင်တဲ့စိတ် ပေါ်တတ်တယ်ဗျ"
"၀ယ်ပါလို့ ကျုပ် ခင်ဗျားကို ထပ်ပြီး အကြံပေးတယ်။ နို့မဟုတ်ရင် ကျုပ်
တတိယအကြိမ် ပစ်မိလိမ့်မယ်၊ သိလား..."

♥♥♥♥♥♥♥♥♥♥
မေမေကူပါ

ပီတာလေး ကန်လိုက်သော ဘောလုံးမှာ အိမ်နီးချင်းဧ။် ပြတင်းပေါက်ကို ထိပြီး
မှန်ကွဲသွားသည်။ အမေ ဖြစ်သူက ပီတာလေးကို ခြောက်လှန့်သည်။
"မင်းအဖေ မှန်အသစ် မယူလာမချင်း ပေါက်နေတဲ့ အပေါက်ကို မင်းရဲ့
ဖ**ပြောင်နဲ့ ပိတ်ပေးရမှာပဲ၊ နားလည်ထား"

ပီတာလေး မျက်ရည်များကြားက ပြောသည်။

"သားထမင်းစားချိန်မှာ သား အစား မေမေ ပိတ်ပေးနော်"

♥♥♥♥♥♥♥♥♥♥
မှားပြီ

အမျိုးသမီး - လမ်းတစ်လျှောက်လုံး ရှင်ဘာဖြစ်လို့ ကျွန်မ နောက်လိုက်နေရတာလဲရှင့်
အမျိုးသား - အခု ခင်ဗျား ကျွန်တော့်ဘက် လှည့်ပြီး ပြောလိုက်တော့မှ
အဲ့ဒီမေးခွန်းကို ကျွန်တော့်ကိုယ် ကျွန်တော် မေးမိတယ်ဗျာ။
♥♥♥♥♥♥♥♥♥♥

ကမ္ဘာကြီးက ကျဉ်းလွန်းတယ်

အမျိုးသားနှစ်ဦး ဂေါက်ရိုက် နေကြသည်။ ၎င်းတို့သည် တစ်ကျင်းပြီး တစ်ကျင်း
ကျော်လာရာ ရှေ့ကျင်းများတွင် ကစားနေသည့် အမျိုးသမီး နှစ်ဦးအား
မီလာတော့သည်။ ထိုအမျိုးသမီးများသည် ခပ်ဖြည်းဖြည်းနှင့် အေးအေးဆေးဆေးသာ
ကစားနေကြရာ ဂေါက်ကွင်း စည်းကမ်းကြောင့် ရှေ့လူကို စောင့်နေရသည့်
အမျိုးသားများမှာ စိတ်မရှည်နိုင်အောင် ဖြစ်လာလေတော့သည်။ တစ်ဦးကဆိုသည်။

"ကဲ အမျိုးသမီးတွေကို ငါတို့ကို အလှည့်ကျော်ခွင့် ပေးဖို့ သွားပြောကြရအောင်"

နှစ်ဦး သဘောတူညီချက် အရ အမျိုးသားတစ်ဦးက ရှေ့မှ နှစ်ယောက်ဆီ
လျှောက်သွားသည်။ အတော်နီးသော အခါ ထိုသူသည် ၎င်းဧ။် အဖော်ထံသို့ ကသောကမျော
ပြန်လှည့် ပြေးလာသည်။ တစ္ဆေ တွေ့လာသကဲ့သို့ မျက်နှာ ဖြူဖတ်ဖြူရော်
ဖြစ်နေရင်း သူ့သူငယ်ချင်းကို ရှင်းပြသည်။

"ဘုရား၊ ဘုရား....ကံကြီးပေလို့ အဲ့ဒီ မိန်းမ နှစ်ယောက်မှာ တစ်ယောက်က
ငါ့မိန်းမ၊ နောက်တစ်ယောက်က ငါ့တိတ်တိတ်ပုန်း Baby လေးကွ၊ သူတို့
နှစ်ယောက် ဘယ်လိုများ သိနေပါလိမ့်။ တော်ပါသေးရဲ့ ငါ့ကိုမမြင်လို့"

ကျန်အမျိုးသားက ကရုဏာသက်သည့် အကြည့်ဖြ**့ ကြည့်ပြီး ထိုကိစ္စကို ၎င်း
တာဝန်ယူကြောင်း ပြောသည်။ ထို့နောက် အမျိုးသမီးများထံ ထွက်သွားသည်။
သို့သော်လည်း ထိုသူပါ ပြန်ပြေးလာပြီး ပထမလူကို ပြောသည်။

"အောင်မယ်လေးဗျာ၊ ကမ္ဘာကြီး ကျဉ်းတယ်ဆိုတာ ခုမှယုံတော့တယ်။ မင်းနဲ့ငါနဲ့ ဘ၀တူပဲကွ"

♥♥♥♥♥♥♥♥♥♥

ကျွန်မလည်းပါတယ်

ကိုဘလှ တစ်ယောက် နေအိမ်သို့ စိတ်လှုပ်ရှားစွာ ပြန်လာသည်။ မီးဖိုထဲတွင်
ချက်ပြုတ်နေသည့် မိန်းမအား အလောတကြီး လှမ်းပြောသည်။

"ငါတို့တိုက် မြေညီထပ်မှာ နေတဲ့ အောင်မင်းဆိုတဲ့ အကောင် အရက်ဆိုင်မှာ
ပြောနေတာ ကြားခဲ့တယ်။ ဒီတိုက်မှာ ရှိနေတဲ့ မိန်းမတွေထဲမှာ သူနဲ့
မငြိဘူးတာ တစ်ယောက်ထဲ ရှိတယ်တဲ့"

ကိုဘလှဧ။် ချစ်ဇနီးက ချက်ချင်း ပြန်ပြောသည်။

"ပာင်...ပာုတ်လား၊ ဒါဆိုရင် အခန်းနံပါတ် (၃၂) က ကောင်မပဲ ဖြစ်ရမယ်။
ဒင်းလိုရုပ်မျိုး ဘယ်သူမှ မကြိုက်ဘူး..."

♥♥♥♥♥♥♥♥♥♥
တခါက လူသား စားသော လူမျိုးနွယ် အကြီးအကဲတစ်ဦး လေယာဉ်ပျံစီးလေသည်။
လေယာဉ်မယ်။ ။ ဘာများသုံးဆောင်မလဲရှင်
အကြီးအကဲ။ ။ ခရီးသည်တွေရဲ့ နာမည်စာရင်းကို အရင်ပြစမ်းပါ။

♥♥♥♥♥♥♥♥♥♥
တခါက ချစ်သူနှစ်ဦး စကားများကြသည်။
မိန်းကလေး။ ။ ရှင်ပာာ ဘာမှအသုံးမကျတဲ့ အမှိုက်ပဲ
ယောက်ျားလေး။ ။ အမှိုက်မှန်းသိရက်နဲ့ ဘာလို့ချစ်ခဲ့လဲ
မိန်းကလေးမှာ ပိုဒေါသထွက်သွားပြီး-
ရှင် ဘာသိလို့လဲ ဒါကျွန်မ recycle လုပ်နေတာရှင့်။

♥♥♥♥♥♥♥♥♥♥

 "ကျွန်တော်ပာာ ခင်ဗျားရဲ့ ပထမဦးဆုံး ချစ်သူလား"

"ဒါပေါ့ရှင်....ဘာဖြစ်လို့ ယောက်ျားလေးတိုင်းက ဒီမေးခွန်းကို မေးကြလဲမသိဘူး"
♥♥♥♥♥♥♥♥♥♥
"ကျုပ်မိန်းမဟာ အတော် မုသား ပြောတတ်တယ်" ဟု ယောက်ျား ဖြစ်သူက
သူငယ်ချင်းလူယုံအား တိုင်၏။

"မင်း ဘယ်လိုသိသလဲ"
"မနေ့ညက သူ အိမ်ပြန်မလာဘူး၊ ဘယ်သွားနေလဲ  မေးတော့ သူ့ညီမ အဲမာ အိမ်မှာ
အိပ်ခဲ့တယ်လို့ ပြောတယ်"
"အဲဒီတော့"
"ဒါ သူညာတာ ထင်ရှားတာပေါ့၊ ကျုပ်က အဲမာနဲ့ တစ်ညလုံး ရှိနေခဲ့တာပဲ"
♥♥♥♥♥♥♥♥♥♥
ဓာတ်မီး မရှိသော တောရွာ တစ်ခု၌ သန်းခေါင်ကျော် အချိန် အမျိုးသမီး တစ်ဦး
မီးဖွားရာ ယောက်ျား ဖြစ်သူကို မီးအိမ် ကိုင်ခိုင်းပြီး ဆရာဝန်က မွေးပေး၏။
ပထမဦးစွာ ယောက်ျားလေး ထွက်လာရာ အဖေ ဖြစ်သူက မီးအိမ်ကို ကြမ်းပေါ် ချ၍
ဝမ်းသာအားရ ကလေးကို ပွေ့ချီ၏။

ဆရာဝန်က  "နေဦး၊ နေဦး၊ နောက်ကလေး တစ်ယောက် လာဦးမယ် ထင်တယ်၊
မီးအိမ်ပြန်ကိုင်ဦး" ဟုဆို၏။ ဆရာဝန်  ထင်သည့် အတိုင်း သမီးကလေး တစ်ဦး
ထွက်လာ၏။ အဖေဖြစ်သူက မီးအိမ်ကို ချ၍ သမီး ကလေးအား ယုယစွာ ပိုက်ထွေး၏။
ဆရာဝန်က တစ်ဖန်-

"ကြည့်ရတာ နောက်ကလေး တစ်ယောက် ထွက်လာဦးမယ် ထင်တယ်" ပာုဆို၍ မီးအိမ်
ပြန်ကိုင် ပြရပြန်၏။ မိနစ် အနည်းငယ် အကြာ နောက်ထပ် သမီးကလေး တစ်ဦး
မွေးပြန်၏။ ဤတွင် ဖခင် ဖြစ်သူက ဆရာဝန်အား မေးမြန်းသည်မှာ...

"ဆရာ၊ မီးရောင်ပြလို့ ကလေးတွေ ထွက်လာတာလား" ဟု။

No comments:

Post a Comment

 

Visitors

Flag Counter
 

Designed By Blogs Gone Wild!