Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Thursday, December 2, 2010

အလိုလေး.. ။.... ၀က်ဝံတွေလဲ ယောဂ ကျင့်စဉ်ကို ကျင့်နေကြပါလား...


ဝက်ဝံတွေမှာ ယောဂ ကျင့်စဉ်ရှိတယ် ဆိုတာကို လက်မခံလို့ မရတော့ပါဘူး။ အခု မြင်တွေ့ရမယ့် ဗီဒီယိုနဲ့ ဓါတ်ပုံက နဖူးတွေ့ ဒူးတွေ့ပါဘဲ။ အမွှေးထူတဲ့ သတ္တ၀ါ တစ်ကောင်ရဲ့
မနက်ခင်း အကြောဆန့် လေ့ကျင့်ခန်း တစ်ချို့ကို ဟန်ချက်ညီညီလေး
ပြုလုပ်နိုင်တာကို လျပ်တပျက် တွေ့မြင်ခဲ့ရပါတယ်။


ဝက်ဝံမလေး ဘန်ဒီဆန်ဒါးနားဟာ သူမရဲ့ ခြေချောင်းတွေကို ဆွဲယူပြီး တစ်စုံတစ်ရာ
နာကျင်လို့ ကြည့်ရှုနေပုံဟာ ခန္ဓာကိုယ် ဟန်ချက်ကို သူမရဲ့ ခြေသဲ လက်သည်း
ရှည်ရှည်တွေနဲ့ နားရွက်နား ရောက်သည်အထိ ဆွဲယူ ဆန့်ထုတ် နိုင်ခဲ့ပါတယ်။





Omm ... the bear relaxes with stretches



အရွယ်ရောက်နေပြီ ဖြစ်တဲ့ ၀က်ဝံမလေးဟာ ဖင်လန်နိုင်ငံ အတာရီ တိရိစ္ဆာန်ရုံထဲမှာတော့ ပရိသတ်
အများဆုံးရအောင် ဖျော်ဖြေနိုင်သူ ဖြစ်ပြီး သူမရဲ့ လုပ်ဆောင်ချက်
တိုင်းကို ပရိသတ်က အံ့သြခြင်းမကုန် ရှိကြရပါတယ်။ ဧည့်သည်များရဲ့
ကင်မရာတွေဟာလဲ သူမကို တစ်ဖျတ်ဖျတ် ရိုက်ယူခဲ့ကြသလို အံ့သြနေသူများထဲက
ဆိုဗေးလ်နီးယား နိုင်ငံသား အသက် ၂၉ နှစ်အရွယ် ၀ဘ်ဆိုဒ် ပရိုဂရမ်မာ
မီတာပန်ကာ က ပြောကြား ခဲ့ရာမှာတော့။ "၀က်ဝံမလေး လုပ်ဆောင်နေတဲ့ ပုံစံက
ကျွန်တော်တို့ လူတွေ ယောဂ လေ့ကျင့်နေပုံနဲ့ လုံးဝ တစ်ထပ်တည်း ကျပါတယ်။
ပျော့ပြောင်းမှု၊ ငြင်သာမှု ၊ ချိန်သားကိုက်မှု နဲ့ တည်ငြိမ်မှု တွေကလည်းတကယ့်
လူအတိုင်းပါဘဲ။ သူမကို ကြည့်ရတာ အတော်လေးကို ကျွမ်းကျင် လှပါတယ်။
မျက်နှာနဲ့ တူရူကို ကြည့်နေပုံဟာ လေ့ကျင့်ခန်း အပေါ် အာရုံစိုက်ပြီး
မျက်လုံးတွေကို ဖြည်းဖြည်းလေး ဖွင့်ပြီး ချိန်သားကိုက်အောင်
လေ့ကျင့်နေပါတယ်။ သူဟာ ကျွန်တော်တို့ အနားမှာရှိနေတယ် ဆိုတာကို လုံးဝ
အသိအမှတ်မပြု ထားပါဘူး။" ဟုပြောကြားခဲ့သည်။

No comments:

Post a Comment

 

Visitors

Flag Counter
 

Designed By Blogs Gone Wild!