Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Thursday, December 2, 2010

ညဏ်အလင်းဖြင့် ထွင်းဖောက်သူ

ဝေးလံသော မြို့ငယ်လေး တစ်မြို့တွင် လူငယ်တစ်ဦးသည် သူရဲ့ စီးပွားရေး
လုပ်ငန်းတခုကို စတင်လုပ်ဆောင်ပါသည်။ လမ်း (၂ ) လမ်းဆုံသည့်ထောင့်တွင်
စတိုးဆိုင်တစ်ဆိုင်ဖွင့်ပါသည်။ သူသည်လူကောင်းတဦးဖြစ်သည်။ရိုးသားသည်။
ပေါင်းသင်းတတ်သည်။ ဖော်ရွှေသည် ထို့ကြောင့် လူတွေက သူ့ကို ချစ်ခင်ကြသည်။
လူတွေက သူ့ဆိုင်မှာ ပစ္စည်းတွေ ၀ယ်ကြသည်။ အချင်းချင်း သူ့ အကြောင်း
ကောင်းသတင်းပြောသည်။ ထို့ကြောင့် သူ့စီးပွားရေးသည် တိုးတက်လာသည်။ သူ့၏
စတိုးဆိုင်လုပ်ငန်းသည် တိုးတက်လာသည်။ နှစ်တော်တော်ကြာ သောအခါ စတိုးဆိုင်
တစ်ဆိုင်မှ စပြီး စတိုးဆိုင်ပေါင်းမိုပေါက်သလိုပင် များပြားလာခဲ့ပါသည်။
တစ်နေ့တွင် ဖျားနာသဖြင့် ဆေးရုံတင်ရပါသည်။ သူ့
အသက်ဆုံးရူံးနိုင်လောက်အောင် အခြေအနေ ရှိကြောင်းဆရာဝန်က ပြောသည်။
ထို့ကြောင့်သူသည် သားကြီး သုံးယောက်ကို အတူခေါ်လိုက်ပြိး သူတို့အတွက်
စိန်ခေါ်ချက်တစ်ရပ်ကို ပေးပါသည်။ " အဖေ နှစ်ပေါင်းများစွာ တည်ထောင်ခဲ့တဲ့
ကုမ္ပဏီရဲ့ ဥက္ကဌနေရာကို သားတို့ (၃)ယောက်ထဲက တစ်ယောက်ယောက်ကို ပေးရမယ်။
ဘယ်သူက ဥက္ကဌရာထူးနဲ့ ထိုက်တန်မယ်ဆိုတာ ဆုံးဖြတ်ဖို့အတွက် သားတို့
တစ်ယောက်စီကို တစ်ဒေါ်လာစီ ပေးမယ်။ ဒီပိုက်ဆံ တစ်ဒေါ်လာနဲ့ ဒီနေ့ပဲ
သွားဝယ်ရမယ်။ သားတို့ ကြိုက်တာ ၀ယ်နိုင်ပါတယ်။ ဒါပေမဲ့ ညနေဘက်
ဒီဆေးရုံကို ပြန်လာတဲအခါ သားတို့ ၀ယ်လာတာနဲ့ ဒီအခန်းကို ဖြည့်ပေးရမယ်။
ဒီအခန်းထဲမှာ နေရာ ကွက်လပ်မကျန်အားလုံးပြည့်နေရမယ်" ဟု ပြောပါသည်။
ကလေးတို့သည် အလွန်အောင်မြင်နေသော ကုမ္ပဏီကြီးကိုကိုင်တွယ်လည်ပတ်ဖို့အတွက်
အလွန်စိတ်အားထက်သန်နေပါသည်။ သုံးယောက်လုံး မြို့သွားပြီး ပိုက်ဆံ ၁
ဒေါ်လာဖြင့် ပစ္စည်း ၀ယ်ကြပါသည်။ သားသုံးယောက် ညနေဘက်ပြန်လာသောအခါ ဖခင်က
"ဟေ့ သားကြီး သားရတဲ့ ပိုက်ဆံ ၁ ဒေါ်လာနဲ့ ဘာတွေ ၀ယ်ခဲ့သလဲ" ဟုမေးပါသည်။
ဟုတ်ကံ ဖေဖေ။ သား …..သူငယ်ချင်းတစ်ဦးရဲ့ လယ်ထဲကိုသွားပြီး သူကို
ပိုက်ဆံ တစ်ဒေါ်လာ ပေးပါတယ်။ ပြီးတော့ကောက်ရိုးအထုံးကြီး နှစ်ထုံး
ဝယ်လာခဲပါတယ်' ဟု ပြောပါသည်။ ပြောပြီး အခန်းအပြင်ဘက်သို့ ထွက်သွားကာ
ကောက်ရိုးထုံးကြီး နှစ်ထုံးကို သယ်ယူလာပါသည်။ ကောက်ရိုးထုံးကို
ဖြည်လိုက်ပြီး ကောက်ရိုးတွေကို ဖွလျက် အခန်းထဲပြည့်အောင်
ကြိုးစားထည့်ပါသည်။ အခန်းထဲတွင် ကောက်ရိုးတွေ ပြည့်သွားပါသည်။ သို့သော
မကြာပါ။ ကောက်ရိုးတွေ အောက်သို့ ပြန်အိကျပြီးအခန်းတွင်းတွင်
ကောက်ရိုးများဖြင့် ခန်းလုံးပြည့် အနေအထားမျိုး မရှိတော့ပါ။ ဖခင်ပြောသော
ခန်းလုံးပြည့် အခြေအနေမရှိတောပါ။
"ကဲ ကောင်းပြီး။ သားလတ်ကကော။ သားရတဲ့ ပိုက်ဆံ တစ်ဒေါ်လာနဲ့ ဘာတွေ
ဝယ်ခဲ့သလဲ" ဟု ဖခင်က မေးသည်။
" ဟုတ်ကဲ့…ဖေဖေ ……သား ခေါင်းအုံးဆိုင်သွားပြီး ဌက်မွေးတွေရဲ့ ထည့်ထားတဲ့
ခေါင်းအုံး ၂ လုံး ၀ယ်ခဲပါတယ်ဟု ပြောပြီး ၀ယ်လာသော ဌက်မွေးခေါင်းအုံး ၂
လုံးကို အခန်းတွင်းသို့ ယူဆောင်လာပါသည်။ ခေါင်းအုံးတွေကို ဖောက်ပြီး အထဲက
ဌက်မွေးတွေကို အခန်းတွင်း အနှံဖြန့်ကြဲလိုက်ပါသည်။ ခဏကြာသောအခါ ဖွထားသော
ဌက်မွေးတို့သည် အနယ်ထိုင်ပြီး အခန်းအပြည့် ဌက်မွေးများမရှိတော့ပါ။
" ကဲ …သားငယ်လေး။ သားကကော ပိုက်ဆံ တစ်ဒေါ်လာနဲ့ ဘာများလုပ်ခဲ့သလဲ" ဟု
ဖခင်က မေးပါသည်။
" ဟုတ်ကဲ့ …….ဖေဖေ။ ပိုက်ဆံ တစ်ဒေါ်လာနဲ့ ၀ယ်ဖို့ ဖေဖေ နှစ်ပေါင်းများစွာ
က ဖွင့်ထားတဲ့ ဆိုင်မျိုး တစ်ဆိုင်ကို သွားပါသည်။ ဆိုင်ရှင်ထံမှာ
တစ်ဒေါ်လာ အကြွေလဲလိုက်ပါတယ်။ တစ်မတ်စေ့၊ မူးစေ့၊ ပဲစေ့ တွေ သားရပါတယ်။
ဆင့် ၅၀ ကို တန်းဖို့ရှိတဲ့ ကိစ္စမှာ သုံးလိုက်ပါတယ်။ သမ္မာ ကျမ်းစာထဲက
ပြောတဲ့အတိုင်းပေါ့။ ဆင့် ၂၀ ကိုတော့ ကျွန်တော်မြို့ထဲမှာရှိတဲ့ ပရဟိတ
စောင့်ရှောက်ရေး ဂေဟာကိ လှူလိုက်ပါတယ်။ နောက်ထပ် ဆင့် ၂၀ ကို တော့
ဘုရားကျောင်းမှာ လှူလိုက်ပါတယ်။ ဒီတော့ သားမှာ ဆင့် ၂၀ ပဲကျန်ပါတယ်။
ကျန်တဲ့ဆင့် ၂၀ နဲ့ ပစ္စည်း ၂ မျိုး ၀ယ်လိုက်ပါတယ်။
ရှင်းပြပြီး သားအငယ်ဆုံးသည် သူ၏ အကျီင်္အိတ်ကပ်ထဲသို့ လက်နိုက်လိုက်ပြီး
မီးခြစ်ဆံတစ်ဘူးနှင့် ဖယောင်းတိုင်ငယ်တစ်တိုင်ကို ထုတ်လိုက်ပါသည်။ သူသည်
ဖယောင်းတိုင်းကို မီးထွန်းလိုက်ပါသည်။ အခန်းထဲရှိ မီးခလုပ်ကို
ပိတ်လိုက်ရာ ဖယောင်းတိုင်မှ အလင်းရောင်သည်
တစ်ခန်းလုံးပြည့်သွားပါတော့သည်။ ခန်းလုံပြည့်ကွက်လပ်မကျန်အောင်
အလင်းရောင်ပြည့်သွားပါသည်။ ကောက်ရိုးဖြင့်လည်း မဟုတ်ပါ။ ဌက်မွေးဖြင့်လည်း
မဟုတ်ပါ။ အလင်းရောင်ဖြင့်
ဖြစ်ပါသည်။
ဖခင်က လွန်စွားအားရ ကျေနပ်ပါသည်။ " သားငယ်….မင်း သိပ်တော်တာပဲ။ သားဟာ
ဘ၀နဲ့ပတ်သက်ပြီး သိပ်အရေးကြီးတဲ့ သင်ခန်းစာကို ကောင်းကောင်း နားလည်တဲ့
အတွက် ဒီကုမ္ပဏီရဲ့ ဥက္ကဌ နေရာ ရမယ်။ သားဟာ သားရဲ့ ညဏ် အလင်းကို
လင်းလက်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ သိတယ်၊ သိပ်တော်တာပဲ" ဟု ဖခင်က အားရ
ကျေနပ်စွာ ပြောလိုက်ပါသည်။
Nido Qubein ၏ let your Light Shine ကို ဆီလျော်အောင် မြန်မာ ဘာသာ
ပြန်ဆိုသည်။
* ဒေါက်တာ သိန်းလွင်၏ လူသားနှင့်  နှလုံးသား ပုံရိပ်များ စာအုပ်မှ
ထုတ်နုတ်တင်ပြပါသည်။*
~~~~~~~~~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment

 

Visitors

Flag Counter
 

Designed By Blogs Gone Wild!