ဒါကတော့ Chess ကစားဖို့ ၀ါသနာ ပါသူများအတွက်ပါ . ပထမဦးဆုံး Portable ကို ဆိုတာဘာလဲဆိုတာကို ကျွန်တော်အရင်ပြောပြပါ့မယ် . ကျွန်တော်တို့ ကွန်ပျူတာမှာ program တွေကို အသုံးပြုချင်ရင် အသုံးပြုနိုင်ဖို့ အဲ့ဒီ့ ကိုသုံးမယ့်program တွေကို install လုပ်ရပါတယ် .. ဒီကွန်ပျူတာတစ်လုံးကနေ တစ်ခြားကွန်ပျူတာ တစ်လုံးကို သွားသုံးရင် လက်ရှိသုံးနေတဲ့ program တွေကို သုံးလို့မရတော့ပါဘူး . သုံးချင်ရင် ထုံးစံအတိုင်း install လုပ်မှ ဆက်သုံးလို့ရပါတယ် . အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့ စိတ်ကသိကအောင့် ဖြစ်ရပါတယ် . ဘာ့ကြောင့်လဲဆိုရင် program သေးသေးလေးတွေဆို တောသေးတယ် . ခပ်ကြီးကြီး adobe cs3 လိုဟာမျိုး . ဆိုရင်တော့ မာလကီးယားပါပြီ . သူ့ကို install လုပ်ရမှာတင် နာရီဝက်နီးပါးကြာတယ် .
အဲအခုတော့ဖြင့် ဒီဝဋ်ကနေ ကျွတ်ပါပြီ . ကျွန်တော် portable တွေ စုဆောင်းထားသမျှကို တင်ပေးပါ့မယ် ... အခုပထမဆုံးပေးလိုက်တာက Chess game လေးပါ .
အသုံးပြုလိုသူများ memory stick (or) Flash Drive ထဲမှာ ထည့်သွားပြီး ကြိုက်တဲ့ကွန်ပျူတာမှာသွားထိုးပြီး ကစားနိုင်ပါတယ် . ဟိုကြော်ငြာထဲကလို အဲ့ဒါ Portable အစွမ်းပေါ့ ... အိုး .. Yes
No comments:
Post a Comment