Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Friday, December 13, 2013

မိန်းမယူတာမှားပီ


...

တော်တော်သောက်သုံးမကျတဲ့ကုမ္မဏိ


...

(ချက်ပြုတ်နည်း..) ဟာသ


- မိန်းမတစ်ယောက် သူယောကျာင်္းကိုပြောပြနေသည်။

- "မနေ့ကလာတောင်းစားတဲ့ သူတောင်းစားကိုမုန်းလိုက်တာ..."

- " ဘာဖြစ်လို့လဲမိန်းမ"

- " ဘာဖြစ်ရမလဲ..မနေ့ကသူလာတောင်းစားလို့ ရှိတဲ့

ထမင်းကျန်ဟင်းကျန်ကိုတွေပေးလိုက်တာ..ဒီနေ့သူကျွန်မ

ကိုစာအုပ်တစ်အုပ် လာပေးသွားတယ်လေ"

-" ဘာစာအုပ်မို့လို့မိန်းမဒီလောက်ဒေါသထွက်နေရသလဲ?"

-" ဘာစာအုပ်ပေးရမလဲ.. "ချက်ပြုတ်နည်း"စာအုပ်လာပေးသွားတာလေ.."

တိန်...................။

အင်ဂျင်နီယာပုံပြင်


တရံရောအခါတွင် နတ်ပြည် ၆ ထပ်တွင် အကြီးဆုံးဖြစ်သော ဗြမ္မာမင်းကြီးသည် အကြံတစ်ခုရလေသည်… ။

ထိုအကြံကား သူ နတ်ပြည်နှင့် ငရဲပြည် သို့သွားလာရာတွင် အခက်အခဲဖြစ်သောကြောင့်

နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ကိုဖောက်လုပ်လိုသော အကြံဖြစ်လေသည်…။

ထို့ကြောင့် ဗြမ္မာမင်းကြီးလည်း နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ကို နတ်သဘင် အစည်းအဝေးခေါ်လိုက်လေသည်… ။

အစည်းအဝေးပြီးသောအခါ အစည်းအဝေးဆုံးဖြတ်ချက်အရ နတ်မင်းကြီးနှင့် ငရဲမင်းကြီးတို့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို

တဝက်စီ (၅၀%) ဖောက်လုပ်ရန် သဘောတူလိုက်လေသည်…။

.တစ်နှစ်အတွင်း အပြီးအပ်ရမည့် လမ်းမကြီး ဖြစ်သည့် အချက်လည်း ပါဝင်ပေသည်…။

သို့နှင့် နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး အထူးစီမံကိန်းကြီးစတင်လေတော့သည်…။

သို့နှင့် လမ်းမကြီးဖောက်လုပ်လာခဲ့ရာ ငရဲမင်းကြီးဖောက်လုပ်သော အပိုင်းမှာ တစ်ဝက်ခန့်ပင်ရောက်ခဲ့လေသည်… ။

အမှန်ဆိုလျှင် လမ်းပိုင်း ၂ ပိုင်းမှာ ဆုံရမည့် အချိန်ဖြစ်လေသည်… ။

သို့သော် နတ်မင်းကြီး ဖောက်လုပ်သော ဘက်မှ အရိပ်အရောင်မျှမတွေ့ရပေ… ။

သို့သော် သဘောကောင်းသော ငရဲမင်းကြီးမှာ အလုပ်ကိုမတွက်ကပ်ပဲ လမ်းကို ဆက်ပြီး ဖောက်လာခဲ့လေသည်…။

.အချိန်မှာလည်း တစ်နှစ်ပြည့်တော့မည် ငရဲမင်းကြီး ဖောက်လုပ်ခဲ့သည်မှာလည်း ၉၀% လောက်တောင်ပြီးဆီးနေလေပြီ… ။

သို့သော် ထိုအချိန်ထိ နတ်မင်းကြီးဘက်မှ အရိပ်အရောင်မျှမတွေ့ရ… ငရဲမင်းကြီးလည်း ဒေါသ အတော်ကို့ထွက်နေလေပြီ… ။

နတ်မင်းကြီး လူလည်ကျလေခြင်းဟုဆိုကာ တင်းနေလေသည်… ။

ဒါပေမဲ့ သတ်မှတ်ချိန်အပြီးအပ်ရမည် ဖြစ်သည့်အတွက် ငရဲမင်းကြီးမှာ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးကို ဆက်လက်ပြီး ဖောက်လုပ်ခဲ့သည်….။

အချိန်ကလည်း တစ်နှစ်ပြည့်လေပြီ… နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီးလည်း ပြီးဆုံးပြီ ဖြစ်လေသည်… ။

သို့သော် ငရဲမင်းကြီး တစ်ဖက်တည်းကသာ လုပ်ငန်း ၁၀၀% လုံးဆောင်ရွက်ခဲ့ရလေသည်…။

ငရဲမင်းကြီး ဒေါသဟာလည်း အထွတ်အထိပ်သို့ရောက်နေလပြီ… ။

ငရဲမင်းအတွေးတွင် နတ်သဘင် အစည်းအဝေးရောက်ရင်တော့ နတ်မင်းကြီးကို တိုင်ပြောမယ်ဟု တွေးထားလိုက်သည်…။

သို့နှင့် နတ်သဘင် အစည်းအဝေး ပွဲကျင်းပချိန်ရောက်လာလေသည်…။

ငရဲမင်းလည်း ဘယ်လိုမှ သည်းခံနိုင်စွင်းမရှိသောကြောင့် ဗြမ္မာမင်းကြီးအားထိုသို့ တိုင်ကြားလိုက်သည်…။
“ဗြမ္မာမင်းကြီး ခင်ဗျား ခုဖောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး ဟာ တစ်လမ်းလုံးသာပြီးသွားတယ်

ကျွန်တော်မျိုးတစ်ယောက်တည်းသာ ဖောက်ခဲ့ရကြောင်း အချောင်ခိုပြီး ဘာအလုပ်မှ မလုပ်တဲ့ နတ်မင်းကြီးကို မေးမြန်းအရေးယူပေးပါ”

ဟု တိုင်ကြားလိုက်လေသည်…..…။

ဗြမ္မာမင်းကြီး လည်း အမြက်တော်ရှပြီး နတ်မင်းကြီးအားဖြေရှင်းချက်တောင်းလေတော့သည်….။

သို့သော် နတ်မင်းကြီးအဖြေကြောင့် နတ်သဘင် အစည်းအဝေးအဖွဲ့ဝင်အားလုံး ကပါ နတ်မင်းကြီး ကို အပစ်မပေးသင့်ကြောင်း

ဝိုင်းဝန်းထောက်ခံ ပေးကြလေတော့သည်…..။

နတ်မင်းကြီးရဲ့ အဖြေစကားကတော့….

“အရှင် … ဗြမ္မာမင်းကြီး ခင်ဗျား…. ကျွန်တော် ခုဆောက်လုပ်ပြီးစီးတဲ့ နတ်ပြည်-ငရဲပြည် အမြန်လမ်းမကြီး

စမယ်ဆိုတဲ့ အချိန်တည်းက နတ်ပြည်မှာ အင်ဂျင်နီယာတွေကို စုစောင်းဖို့ကြိုးစားခဲ့ပါတယ်…

ဒါပေမဲ့ နတ်ပြည်မှာ အင်ဂျင်နီယာ က လက်ဆယ်ချောင်းမပြည့်ပါဘူး….

ငရဲမင်းကြီး ဆီမှာတော့ အင်ဂျင်နီယာတွေဟာ မေဂျာအစုံ ကျောင်းအစုံက

အင်ဂျင်နီယာတွေ Ph.d, M.E, M.Arch B.E, B.Arch, B.Tech, AGTI စုံလင်စွာရှိပါတယ်…

ဒါကြောင့်မို့ ငရဲမင်းကြီး ရဲ့လုပ်ငန်းတိုးတက်မှုဟာ အရမ်းမြန်ပြီးတော့ တစ်လမ်းလုံးကို သူတစ်ယောက်တည်း ဖောက်လုပ်ပြီးစီးသွားခြင်းဖြစ်ပါတယ်…

ဒါကြောင့်မို့ ကျွန်တော်ကိုယ်တိုင် လူ့ပြည်ဆင်းပြီး နတ်ပြည် Promotion အတွက် အင်ဂျင်နီယာ ကျောင်းသားတွေကို

ဆေးလိပ်မသောက်ဖို့.အရက်မသောက်ဖို့.ဖဲမရိုက်ဖို့… မကောင်းတာတွေ မလုပ်ဖို့…. တွေ ပြောဆို စည်းရုံးပြီးတော့

နတ်ပြည်မှာ အင်ဂျင်နီယာ အရေအတွက်တိုးအောင် ကြိုးစားပါ့မယ်…. ကျွန်တော့်ကိုခွင့်လွှတ်ပါ”

ဟု ပြောကာ မျက်နှာငယ်လေးဖြင့် ထွက်သွားလေသည်…..။

ငရဲမင်းကြီးဘက်သို့ လှည့်ကာ “ သူငယ်ချင်း ငရဲမင်းကြီး ငါမင်းကို မညာပါဘူးကွာ” ဟု နတ်မင်းကြီး က ပြောခဲ့သေးသည်….။

ငရဲမင်းကြီးက တော့ လမ်းမကြီးအတွက် နတ်သဘင် အစည်းအဝေးတွင် အင်ဂျင်နီယာများကြောင့် မျက်နှာရခဲ့လေသည်……။

(အင်ဂျင်နီယာ ဦးလေးကြီး တစ်ယောက်ပြောပြသော ပုံပြင်ကို ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်…

ကိုယ်ပိုင်အတွေးမဟုတ်ပါ… ကော်ပီသာဖြစ်ပါသည်…

မည်သို့ပင် ဆိုစေကာမူ ငရဲမင်းကြီးအား မျက်နှာရစေသော အင်ဂျင်နီယာများ ကိုယ်စား ဂုဏ်ယူမိပါသည်…

အင်ဂျင်နီယာ လူဆိုးများ လိမ္မာကြကုန်လော့…)

မဖြစ်နိုင်တာတွေမမေးပါနဲ့



ကမ္ဘာကျော် Apple ကွန်ပြူတာ ကုမ္ပဏီကြီးက ကွန်ပြူတာ အမျိုးအစားသစ်တစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ်လိုက်နိုင်သည်။

အဆိုပါ ကွန်ပြူတာတွင်အနာဂတ်ကို မှန်ကန်စွာ ပြောပြနိုင်သော ပရိုဂရမ် ထည့်သွင်းထားပြီး

အနာဂတ်တွင် ဘာဖြစ်မည်ကို တိတိကျကျ အဖြေထုတ်ပေးသည်။

ထို့ကြောင့်ထိုကွန်ပြူတာကို လူထုရှေ့တွင် ချပြပြီး အရောင်းမြှင့်တင်ရေး အတွက်လူထုထဲမှ စိတ်ကြိုက်မေးခွန်းများကို မေးခွင့်ပြုလိုက်သည်။
 ကင်ညာနိုင်ငံက မော်ကချီ ၀င်ထိုင်ပြီးကီးဘုတ်မှမေးခွန်းရိုက်ထည့်လိုက်သည်။
"ကင်ညာနိုင်ငံ ဘယ်အချိန်တွင် ဒီမိုကရေစိ ရနိုင်မည်နည်း"

ပရိုဂရမ် -- ၀ီး ... ကနဲ run သည်။ အဖြေ ချက်ချင်းပေါ်လာသဖြင့် ပရိဿတ်သဘောကျသွားသည်။

အဖြေမှာ - "နောက် ၁၀ နှစ်အကြာ ... " ဟုရေးထားသည်။
မော်ကချီခေါင်းငိုက်စိုက်ဖြင့် ထွက်သွားသည်။

နောင် ၁၀နှစ်တွင်သူ ရှိ့ နိုင်တော့မည် မဟုတ် တော့...။

မြောက်ကိုရီးယားက ပတ်ဂျီဆန် ၀င်ထိုင်ပြီး မေးခွန်းရိုက်ထည့်သည်။

"မြောက်ကိုရီးယား  ဘယ်အချိန်တွင်  ဒီမိုကရေစိ ရနိုင်မည်နည်း"

ပရိုဂရမ် ၀ီး ... ကနဲ run ပြန်သည်။ အနည်းငယ် အချိန်ကြာပြီး အဖြေပေါ်လာသည်။

"နောင် နှစ် ၁၀၀ အကြာ ..." ပတ်ဂျီဆန် ခေါင်းငိုက်စိုက် ကျသွားသည်။

နောင်နှစ် ၁၀၀တွင် သူလူ့လောကကြီးတွင် ရှိတော့မည်မဟုတ် ...။

လူအုပ်ထဲမှ ၃နှစ်သားအရွယ် မြန်မာ ကလေးငယ် တစ်ဦးထွက်လာသည်။

စာမတတ်သေးသဖြင့် ကီးဘုတ်ကို တာဝန်ခံမှ ၀င်ရိုက်ပေးရသည်။

ကလေးငယ် ၏မေးခွန်းမှာ

"သားတို့ မြန်မာနိုင်ငံဘယ်တော့ ဒီမိုကရေစိ ရနိုင်မည်နည်း"

ပရိုဂရမ် run ပြန်သည်။ အချိန်အတော်ကြာသည်။ ပရိဿတ်လည်း စိတ်ဝင်စားစွာစောင့်ကြည့်နေသည်။

ကွန်ပြူတာမှ မီးခိုးများ အူထွက်လာသည်။ ပရိဿတ် ဘေးကိုရှဲသွားသည်။

ထို့နောက် ၀ုန်း ဆိုသောအသံကြီးနှင့်အတူ ကွန်ပြူတာပေါက်ကွဲသွားသည် ...

တာဝန်ခံများ အပြေးအလွှား ကွန်ပြူတာအသစ်တစ်လုံးလာရောက်လဲလှယ်ပေးသည်။

သို့သော် ရှေ့တွင် စာတမ်းတစ်ခုတော့ ချပေးသွားသည်

"အနာဂတ်ကို မှန်ကန်စွာ ဟောပြောနိုင်သော ကွန်ပြူတာကို မည်သူမဆိုစမ်းသပ်မေးမြန်းခွင့်ပြုသည်။

သို့သော် မဖြစ်နိုင်သော မေးခွန်းများကိုမမေးပါနှင့် ..."......ဟူ၏။

တိန်.....

ရီမောပျော်ရွှင်ပါစေ

မရယ်ရမှာတော့ မပူနဲ့အလန်းဇယား ဟာသတွေ ရမယ်.. ( ဖတ်ကြည့်လိုက် )


1...သွားပါပီ....

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီ
လဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲကခွဲထုတ်ထားတဲ့ဟာတွေရှင့် "

2...မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "

3....ပြောချင်တာကဒီလိုပါ

" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။
ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။
ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း .....
ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ "



4....ဘယ်သူမှမပြောနဲ့နော်

" ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး "
" ဟိုး ..... တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ "
" ဟင် ..... ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို "
" ရှူး ..... ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊ ဓူဝံကြယ်တောင်ဘက်ကိုပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ "



5....နားလေးသူမို့ပါ

" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် "


6....ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲဝင်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာသေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် "

7....မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ "

8....အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ "

9....မမြောက်ပါနဲ့ဗျာ

" မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ် ၊ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊ အိမ်သားတွေတစ်ယောက်မှမနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ ချီးကျူးပါတယ်ကွာ "
" ဟာ ..... တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ "

10....အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "

11...ထင်တာကတခြား

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင် "

12....သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "

13...ပြင်ပအစားအစာ

" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် "

14....သမ်းပြတာမဟုတ်ပါ

" ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို လက်ဝါးနဲ့မကာဘဲသမ်းပြတာနှစ်ကြိမ်ရှိသွားပြီ "
" အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော် တစ်ခုခုပြောဖို့ကြံတိုင်းခင်ဗျားကရေပတ်မ၀င်အောင် ပြောနေတာကိုးဗျ "

15...ယောက်ျားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ
၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "

16...တလွဲမထင်ပါနဲ့

" ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် "
" ဘာဖြစ်လို့လဲဗျ "
" ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ "
" ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊
ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ "

17...ဆရာ့ညွှန်ကြားချက်

" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် "

18....လိုချင်ရင်ပြောပါ

" ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ "
" ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား

ကိုချစ်သူလေနဲဒီလိုလေနေကြည်ပါလားးးးးးးးးးးး


တကယ်ချစ်ရင်.........ကိုချစ်သူကို...................အနိုင်အရူံးလဲမတွက်ပါနဲ.
အမှတ်အတေးလဲမထားပါနဲ................အတ္တမာနလဲမများပါနဲ.
သူကိုဘယ်လောက်ချစ်တယ်ဆို.တဲ.အကြောင့်ပြောဖို.လဲမရှက်ပါနဲ.
ကြင်နာယုယဖို.လဲ.......................မမေ.ပါနဲ.
ခွင်.လွတ်သည်းခံဖို.လဲ.......၀န်မလေးပါနဲ........
ဒီလိုစာသားနဲအညီချစ်ပြတာကို
လမ်းခွဲဖို.ပြောတဲ.သူဆိုရင်တော.သူဟာသင်.အပေါ်..
စိတ်ကုန်နေပြီးလိုဘဲမှတ်လိုက်ပါ♥♥♥သယ်ရင်းတို.ရေ

ချစ်ချင်သူတွေအတွက်အချစ်နည်းလေးတွေပါ


ချစ်ချင်သူတွေအတွက်အချစ်နည်းလေးတွေပါ
အချစ်ကြောင့် ကမ္ဘာကြီးဟာ လည်ပတ်နေတယ်လို့ အဆိုရှိပါတယ် ၊ နေရာတိုင်းမှာ
ကြည့်ပါ ၊ အချစ်နဲ့ ဆက်နွယ်နေတဲ့ အရာ တစ်ခုမဟုတ်တစ်ခုတော့ တွေ့ရမယ်တဲ့ ၊
အချစ်ဆိုတာ ကျနော်တို့ ရင်ထဲမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ ခံစားမှု
တစ်ခုပေါ့ ၊ ဒါပေမယ့် တခါတရံမှာ ဘယ်လိုဘယ်ပုံ ဆိုတာ ဖေါ်ပြရ ခက်နေတတ်ပါတယ်
၊ အဲဒီလိုပါပဲ တချို့သူတွေမှာ တော့ ကိုယ်က ချစ်နေပေမယ့် သိအောင်ပြဖို့ ၊
တစ်နည်းပြောရရင် အချစ်ကို ကောင်းမွန်စွာ ပေးဖို့ ဘာတွေလိုမယ်ဆိုတာ မသိပဲ
ဖြစ်နေတတ်ပြန်ပါသေးတယ် ၊ ကျနော့် သူငယ်ချင်း တစ်ယောက် ရှိတယ် သူကတော့
ချစ်တယ် ပြောနေတာပဲ ၊ ဒါပေမယ့် သူချစ်တဲ့ သူက ဘာကို ကြည့်ပြီး
သူချစ်တယ်ဆိုတာကို နားလည်ရမလဲ မသိဘူး ၊ သူချစ်တာကို လည်း မခံစား ရဘူး ၊
အဲဒီလိုတော့ မဖြစ်စေချင်ပါဘူး ။
ကိုယ့်စိတ်ထဲမှာပဲကိုယ် ကြိတ်ပြီး ချစ်နေရင်တော့ ကိုယ့်ရဲ့ ခံစားမှု
သီးသန့် အတွက်ပါပဲ ၊ ကိုယ့်ချစ်သူကို ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူကို
အချစ်တွေ ပေးချင်လာပြီဆိုရင်တော့ အချစ်ရဲ့ ဘာသာစကားတွေကို လေ့လာ
ထားသင့်ပါတယ် ၊ ကိုယ့်ရဲ့ ချစ်သူကလည်း အချစ်ကို ရရှိနားလည် နိုင်စေမယ့်
နည်းလေးတွေပေါ့ ၊ ဆန်းစစ်ကြည့်တဲ့ အခါမှာတော့ တကယ်ပဲ ချစ်သူ
နှစ်သက်စေမယ့် အချက်တွေဆိုတာ တွေ့ရတဲ့ အတွက် ချစ်လိုသူ
သူငယ်ချင်းများအတွက် ပြန်လည် ဝေငှပေးလိုက်ပါတယ် ။
အချစ်ရဲ့ဘာသာစကားတွေကတော့
၁. Give time .. အချိန်ပေးပါ
ကိုယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ အချိန်တွေထဲက မျှပေးဖို့ပါပဲ ၊ အတူ
ရှိနေနိုင်ရင်လဲ ရှိနေပေါ့ ၊ ရှိမနေနိုင်ရင်လည်း ဘယ်အချိန်မှာ လိုအပ်မလဲ
၊ သူလိုအပ်တဲ့ အချိန်မှာ ကိုယ်က အချိန်လေးပေးနိုင်ဖို့ ကြိုးစား
သင့်ပါတယ် ။ ချစ်သူတွေရဲ့ ကြားမှာ အချိန်မပေး နိုင်ခြင်းဟာလဲ ပြဿနာ
တစ်ခုပါ ၊ ဒါကြောင့် အချစ်ကို ပေးဖို့ ဆိုရင် အချိန်ကိုလဲ ပေးသင့်တယ်
ဆိုတဲ့ အချက်ကို သိထားသင့်ပါတယ် ။
၂. Give caring … ဂရုစိုက်မှုပေးပါ
ကိုယ့်ချစ်သူကို ဂရုတစိုက် ရှိရမှာ ဖြစ်ပါတယ် ၊ ကိုယ်ချစ်တဲ့သူက
ဂရုတစိုက် ရှိနေစေချင်တာ သဘာဝပါပဲ ၊ ဒါပေမယ့် လက်တွေ့မှာတော့ အမှတ်တမဲ့
ဖာသိဖာသာ ဖြစ်နေတတ်ပါတယ် ၊ အထူးသဖြင့် သူရဲ့ ခံစားချက်တွေကို
ဂရုစိုက်ပြီး နားလည်ပေးဖို့ပါပဲ ။
၃. Give help … အကူအညီပေးပါ
ကိုယ့်ချစ်သူကို ကိုယ်ပေးနိုင်တဲ့ အကူအညီလေးတွေ ပေးဖို့ပါ ၊
အသေးအမွှားလေးတွေပဲ ဖြစ်ဖြစ်ပေါ့ ၊ စိတ်ခံစားမှု ပိုင်းဆိုင်ရာမှာတော့
ထိရောက်ပါတယ် ၊ ကြင်နာမှု ကို ပြရာရောက်သလိုပဲ သူ့အတွက် ကြည်နူးပီတိ
ဖြစ်ရပါတယ် ။
၎. Give understanding and be happy နားလည်မှု ပေးပြီး ပျော်ရွှင်ပါစေ
ကိုယ်ချစ်သူကို နားလည်မှု ပေးပြီး ချစ်ပါ ၊ ချစ်တဲ့ နေရာမှာ
ကိုယ့်ချစ်သူဟာ လွပ်လပ်မှု ရှိစေဖို့ ဘောင်တွေ ကန့်သတ်ချက်တွေကို
ကျယ်ကျယ်လေးထားပေးပါ ၊ စည်းမျဉ်း ကန့်သတ်ချက်တွေက သိပ်ပြီး
ကျဉ်းကျပ်နေရင် အချစ်ခံရတဲ့ သူဟာ လွပ်လပ်မှု မရှိတဲ့ အတွက် အပြည့်အဝ
ပျော်ရွှင်နိုင်မှာ မဟုတ်သလို တခါတရံ မှာ စိတ်တောင် ညစ်သွားစေပါလိမ့်မယ် ။
၅. Give respect လေးစားမှု ပေးပါ
ကိုယ့်ချစ်သူဟာ ဘယ်လိုအခြေအနေ အဆင့်အတန်း မှာ ဖြစ်စေ ကိုယ်က ချစ်ပြီ
ဆိုရင်တော့ လေးစားမှုလေး ပေးပါ ၊ ကိုယ်က အရမ်း လွှမ်းမိုးနေတာမျိုး
မလုပ်ပဲ နဲ့ သူတည်ရှိနေမှုနဲ့ သူ့ရဲ့ အနေအထားလေးကို လည်း အသိအမှတ် ပြု
ပေးပါ ၊
၆. Give attention ( Pay attention to details ) … အာရုံစူးစိုက်မှုပေးပါ
ကိုယ်ချစ်သူဟာ ဘာကို နှစ်သက်တယ် ဘာကို မနှစ်သက်ဘူး စတဲ့ အသေးစိတ်
အချက်အလက် လေးတွေက စပြီး သိထားပါ ၊ အာရုံစူးစိုက်ပြီး မှတ်သားပါ ၊
သူကြိုက်တာကို လုပ်ပြီး မကြိုက်တာကို မလုပ်ပါနဲ့
၇. Give gifts …. လက်ဆောင်လေးတွေ ပေးပါ
တခါတရံ မှာတော့ လက်ဆောင်လေးတွေ ပေးတာဟာလဲ အချစ်ကို ပြသရာ ရောက်ပါတယ် ၊
သတိရ ခြင်းရဲ့ အထိန်းအမှတ် အဖြစ်ပေါ့ ၊ လက်ဆောင်သေးသေးလေးတွေပဲ ဖြစ်ပါစေ
တန်ဘိုးထား တတ်ကြပါတယ် ။
အရာဝတ္ထု တိုင်းမှာ တန်ဘိုး နှစ်မျိုး ရှိကြပါတယ် ၊ အဲဒါတွေကတော့ material
value နဲ့ sentimental value တို့ပါပဲ ၊ material value က ပစ္စည်းရဲ့ မူလ
တန်ဘိုး ဖြစ်ပြီးတော့ sentimental value ကတော့ အဲဒီပစ္စည်း အပေါ်မှာ
ခံစားတဲ့ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ရဲ့ တန်ဘိုးပါ ။
ချစ်သူက ထီးလေး တစ်လက်ကို လက်ဆောင်းပေးတယ် ဆိုပါစို့၊ နေပူထဲသွားလို့
အဲဒီ ထီးလေးကို ဆောင်းတဲ့ အခါမှ ပိုပြီး အေးတယ်လို့ ခံစားရကောင်း
ရနိုင်ပါတယ် ၊ ချစ်သူရဲ့ အမှတ်တရ ဖြစ်မှု ၊ ချစ်သူရဲ့ အမှတ်သင်္ကေတ ၊
ချစ်သူရဲ့ စေတနာ စတဲ့.. စတဲ့ ခံစားရခြင်းတွေ ပူးပေါင်းပါဝင်နေတာမို့
အဲဒီထီးလေးကို … ရောင်းတဲ့ ဆိုင်ပေါ်ကအလားတူ ထီးတစ်လက် ထက်တော့ ပို
တန်ဘိုးထား ပါလိမ့်မယ် ၊ အဲဒီသဘောပါပဲ ။
ဒါကြောင့်မို့ ကိုယ့်အတွက် မပင်ပန်းစေမယ့် လက်ဆောင်လေးတွေ ပေးသင့်ပါတယ် ။
၈. Communication ဆက်သွယ်ပြောဆိုပါ
လူအချင်းချင်း ဆက်ဆံတဲ့ နေရာ မှာတောင် ပြောဆို ဆက်ဆံရေးဟာ အရေးကြီးပါတယ်
၊ ကိုယ့်ချစ်သူကို ကျတော့ ကိုယ်က ချစ်တဲ့ အကြောင်း ၊ သူဟာ ကိုယ့် အတွက်
လိုအပ်တယ် ဆိုတဲ့ အကြောင်း စတာတွေကို ပြောပေးရမှာ ဖြစ်ပါတယ် ၊
တချို့သူများဟာ ချစ်တယ်ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ ကြားချင်သလို သေချာ
စေချင်တဲ့ အတွက် မေးလဲ မေးလေ့ ရှိပါတယ် ၊ တစ်ယောက်နဲ့ တစ်ယောက်ကတော့
ပုံစံချင်းမတူဘူးပေါ့ ၊ ကိုယ့်ချစ်သူရဲ့ ဆန္ဒကို လိုက်ပြီး
ကိုယ်ခံစားချက်ကို သိအောင် ပြောပေးရမှာ ဖြစ်ပါတယ် ၊ အပိုတွေကို ညာဖြီး
အာရွှီးဖို့ ပြောတာ မဟုတ်ပါဘူး ၊ ချစ်တဲ့ အကြောင်းကို ပြောဖို့လဲ
လိုအပ်တယ် ဆိုတဲ့ အချက်ကလေးကို စားရင်းတို့ ပေးလိုက်တာပါပဲ ။
၉. Touching ထိတွေ့မှုတဲ့
ဒီအချက်က မြန်မာတော့ မဆန်ဘူး ၊ ဒါပေမယ့် ချန်ခဲ့ဖို့လဲ မကောင်းဘူး ၊
ဒါကြောင့် အောက်ဆုံးနားမှာ ထားပြီး ထည့်ပေးလိုက်ပါတယ် ။
တခါတရံ အားငယ်နေတဲ့ အခါမျိုးမှာ တစုံတယောက်က လက်ကို
ဖျစ်ညှစ်ဆုပ်ကိုင်ပြီး အားပေးစကား ပြောလာတဲ့ အခါ အားရှိသွားသလိုမျိုး
ခံစားရဖူးပါသလား ၊ ပုခုံးဖက်ပြီး ပေါင်းလာကြတဲ့ သူငယ်ချင်းတွေ ပါလို့
ပြောကြတာ ကြားဖူးပါသလား ၊ နွေးထွေးမှု ရင်းနှီးမှု စတဲ့
စိတ်ခံစားချက်တွေကို ခန္ဓာကိုယ်ရဲ့ ထိတွေ့ မှုတွေကနေ တစ်ဆင့်
ရရှိနိုင်ပါတယ် ။ နှလုံးကနေ ထုတ်လွှတ်တဲ့ စွမ်းအင်တွေကို ထိတွေ့မှုတွေကနေ
တစ်ဆင့် ကူးပြောင်း ရရှိနိုင်တဲ့ အကြောင်းတွေကို ကျနော် ဖတ်ရှုဖူးပါတယ် ။
ဒါကြောင့်မို့ လက်ကလေးကို ဆုပ်ကိုင်တာ ၊ ပုခုံးကိုဖက်တာ ၊ လက်မောင်းကို
ကိုင်တာ ၊ အကြင်နာပေးတာလေးတွေက အစပေါ့ ဒါလေးတွေကလဲ လိုအပ်ပါတယ် ။ အဓိက
ကတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ကြင်နာမှု
နွေးထွေးမှု စတဲ့ ခံစားရတာတွေကို ပြောချင်တာပါ ။
( ဒါကိုတော့ ကျနော်လည်းအားလုံး မသိဘူးဗျ ၊ သိတဲ့သူတွေက ဆက်ရေးပေးပါ )
ကဲ အချစ်ကို အဲဒီ ဘာသားစကားတွေနဲ့ ပြောဆိုမယ်ဆိုရင် ချစ်သူက
ကောင်းကောင်း နားလည်ပါလိမ့်မယ် ။ ကျနော်ပြောရဲပါတယ် ခင်ဗျားတို့
အကောင်းဆုံး အချစ်သမားတွေ ဖြစ်လာမယ် ..

မဆုံးတဲ့ကဗျာ


တကယ်ဆို..ငါတို့နှစ်ယောက်ကြား
စကားလုံးတွေမလိုဘူးဆိုတာ
နင်သိနေခဲ့တာပဲလေ
အနားသတ်မရှိတဲ့လရောင်နဲ့
တခမ်းတနားကို ကဗျာဆန်ခဲ့တာ
ကြာခဲ့ပေါ့..ချစ်သူရေ.......
ကျေးလက်ဆန်တဲ့ဥယျာဉ်မှာမှ
ခိုးကြောင်ခိုးဝှက်ပွင့်ခဲ့ရရှာတဲ့ပန်းလေ
ကမ္ဘာဦးကတည်းက
ခူးယူ ပန်ဆင်ခဲ့ဖူးပါတယ်
အဲဒီညနေမှာပဲ
တဂိုးလ်ရဲ့ကဗျာတချို့နဲ့ချော့မြူခဲ့တယ်
လွတ်လွတ်ကျွတ်ကျွတ်
မပွင့်ရသေးတာကလွဲရင်ပေါ့.......
တခါတရံတော့လည်း
နှင်းမကွဲသေးတဲ့
ဒီဇင်ဘာညနေခင်းတွေကိုလွမ်းမိတယ်
အယူအဆတွေမတူညီကြပေမဲ့
တို့နှစ်ယောက်ရဲ့ကမ္ဘာကို
နားလည်မှုတွေနဲ့တည်ဆောက်ခဲ့ကြဘူးတယ်နော်
ငါထင်တယ်
စောင်းကြိုးတစ်ခတ်ရဲ့ ရစ်သမ်ဟာ
ဘာလင်တံတိုင်းကြီးတောင် ပြိုကြစေနိုင်တယ်......
မှားခဲ့တယ်လို့ငါမဆိုပါဘူး..ချစ်သူ
စကားလုံးတွေပျော်ဝင်နေတဲ့
မင်းမျက်လုံးတွေကို ဖတ်ဖို့
အစောဆုံးဒဏ္ဍာရီစာမျက်နှာကို
လှန်ကြည့်နေရသလိုမျိုး
အချစ်အပြင်..မေတ္တာ..ကရုဏာ
သိမ်မွေ့ခြင်းတွေနဲ့အတူ
ချစ်ခြင်းဖွဲ့ကဗျာတွေငါရေးခဲ့ဘူးတယ်......
ငါက အသံမဲ့စကားလုံးတွေရွတ်ဆိုပြတော့
မင်းက ညင်သာစွာပြုံးပြခဲ့ဘူးတယ်နော်.......
တခါတရံက အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုလည်း
အံဝင်ခွင်ကျ မင်းခေါင်းညိတ်လက်ခံခဲ့တာကိုက
အကောင်းဆုံးရလဒ်လို့ငါထင်ခဲ့တာ
အဲဒီကစလို့ ရွာရိုးကိုးပေါက်လွမ်းခဲ့ကြရတာပေါ့......
ရောမခေတ်မှာ
လူလူသူသူမပွင့်ခဲ့ရရှာတဲ့ပန်း
ညနေဇာတ်ဝင်ခန်းတွေက
ရှည်လျားလွန်းခဲ့ပါတယ်
အရာအထောင်မကတဲ့
နှလုံးသားစိတ်အဆွေးတွေကိုလည်း
တစ်ကြိမ်ထဲနဲ့ ကျင်းဝင်အောင်ပစ်ခဲ့ရသူပါ....။
                           အချစ်လုလင်

''ဒီ ကဗျာခေါင်းစည်းမရှိ''


အခန့်ညာဆုံး အိပ်မက်
အထည်ဝါးဆုံးမျှော်လင့်ချက်တွေ ဟီးလို့
မိမဲ့ ဖမဲ့ ဘဝတွေခမျာ ဟင်းလင်း
အဓွန့်ရှည်သဟဇာတမမျှတမှုအပေါ်
ဘယ်သူတွေ ဖာထေးပေးကြလဲ
နွေညခင်းတွေပျောက်ရှပြီး
အအေးဓာတ်ခဝါလာချတာမဆန်းဘူး
ဒါ ကဗျာ မခေါ်ဆိုထိုက်တဲ့ ကဗျာပါ
ဒါ မိမဲ့ဖမဲ့ သတ္တဝါလေးတွေရဲ့ ရင်ထဲရှိ စကားသံပါ
ပတ်မကြီးသာ အမောဖောက်သွားမယ်
ငြိမ်းချမ်းရေး တေး မဆိုနိုင်ကြဘူး
ကိုယ့် နဖားကို ကိုယ်ကွင်းဆွတ်
ကိုယ့်ခြေထောက်ကို ကိုယ်ရိုက်ချိုး
ကိုယ့် မျက်စိကို ကိုယ် ဖောက်
ကိုယ့် မျှော်လင့်ချက် ကိုကိုယ်
အရောင်ဆိုးပေးရမယ့် ပုံပဲ
အရာရာအာလုံးဟာ
သဗ္ဗေသတ္တာ ကမ္မသကာ
ဘုရားဟောဓမ္မတေးကိုမေ့လို့
လူတွေကပြောလိုက်သေးတယ်
နှာခေါင်းရှုံ့ကြတယ်​....
မေး​ငေါ့ကြတယ်​​ပြောလိုက်​​သေးတယ်
နိမိတ်​မရှိဘူးတဲ့...အဲ့ဒီ လို...အဲ့ဒီလို...
စကားလုံး​ပေါင်းများစွာနဲ့ ကဲ့ရဲ့​နေသူ​တွေ
နောက် အဆုံးသတ်​​တော့လဲ
ငါ့ကို ​နေရာ​ တစ်​ခု​ပေးပါဆိုပြီး
တောင်းပန်​​နေကြ​လေရဲ့...


 ညီဆူးသစ်

မ အကြောင်း ကဗျာ


ယုံကြည်ခဲ့ပါတယ်ဆိုအုံးတော့
ကိုယ့်ဘ၀နဲ့ကိုယ်ဖြစ်တယ်
မ ကျွန်တော့်ကို သတိထားမိတယ်ဆိုအုံးတော့
ပြန်လည်မေ့လျော့သွားမှာဖြစ်တယ်
နိုးတ၀က် အိပ်တ၀က် အိပ်မက်ဟာ
အိပ်ရေးပျက်စေတယ်
ဆံချည်မျှင်ကြိုးလေးနဲ့ ချည်ထားတဲ့
လက်သန်းနှစ်ချောင်းဟာ
စိတ်မှန်းနဲ့ ဆွဲထားတဲ့ ဂရင်းနစ်မျဉ်းလို
စိတ်ကူးသက်သက်
မနေ့က မ ဘယ်သွားလဲ
ဒီနေ့ရော ကျွန်တော် ဘယ်သွားအုံးမလဲ
ဒီလို မသက်ဆိုင်ခြင်းတွေကို အတင်းတွေးတောလို့
မျက်စိမှိတ်လျှက် လက်ညှိးထိပ်နှစ်ဖက် ဆုံသွားချိန်ဟာ
ထာဝရဖြစ်တယ်
တကယ်တော့ လူ့သဘာဝ သာမန်တွေးတောခြင်းဟာ
ထာဝရဖြစ်တယ်
မ ကို မြင်ရတဲ့အချိန်ဟာ
ထာဝရဖြစ်တယ်
ဘေးနားကို ငေးရင်း မ ကို မျက်နှာလွှဲလိုက်ချိန်ဟာ
ထာဝရဖြစ်တယ်
လွန်ခဲ့တဲ့ ငါးနှစ် ဆေးရုံမှာ လဲလျှောင်းစဉ် တွေးမိတာတွေဟာ
ထာဝရဖြစ်တယ်
မ လှမ်းပါ၊ ရဲရဲ လှမ်းပါ
ကျွန်တော့် အကြည့်တစ်စုံဟာ မ ခြေလှမ်းပျက်သွားလောက်အောင်
မ အယောင်ယောင် အမှားမှား နဲ့ ဆံစ လေးတွေ သပ်တင်မိအောင်
မစွမ်းဆောင်နိုင်ပါဘူး
သာမန်အတွေး
သာမန်ဘဝ
သာမန်အငေး နဲ့
တစ်မနက်စာ ကြာကြာ လွမ်းလိုက်ရတာပါ၊
မတင်းတိမ်နိုင်တဲ့ လူသားဘ၀မှာ
မ ဟာ ကျွန်တော့် ကွက်လပ်ထဲကို ခြေကျွံကျလာတဲ့ ပိဿလေး တခု ဖြစ်တယ်
ကြယ်တံခွန်လို အရှိန် နဲ့ နှလုံးသားကို မီးပြင်းကပ်လိုက်သလို
မြင်မြင်သမျှပြာနှမ်းလျှက်…
ရှိသမျှသော အာရုံခြောက်ပါးဟာ မ ကို ၀န်းရံလိုက်တော့တယ်
ဒါဟာ လူဆိုးတစ်ယောက်ကို
ရဲများ ၀ိုင်းဖမ်းနေပုံ မျိုးမဟုတ်
ရှိရှိသမျှသော သူရဲကောင်းများ
ဘုရင့်ရှေ့မှောက် ခစားရပုံ ဖြစ်တယ်
သို့သော်ငြား ထိုဘုရင်သည် အမိန့် မှာမခြွေလေတော့
သူရဲကောင်းတွေ ခမျာ
စောင်းဆိုင်းရင်း နေ၀င်သွားသလို
မ ရေ … ကျွန်တော့် ဒီဂရီတွေ အဖျားတိုးနေပြီ
တွေးမိသမျှ
လှုပ်ရှားမိသမျှ ကြက်ခြေခတ်များသာထွက်လာတယ်
ပြောဆိုမိသမျှ
အိပ်မက်တွေကို တည်ဆောက်ရင်း
တပိုင်းစီ ပြုပြင်ရင်း
ချုပ်ရိုးတွေ လိုက်စိရင်း
တစ်ယောက်တော့ မိုးခို နိုင်လောက်ပါရဲ့ တွေးနေတုံး
မ ကတော့ တံစက်မြိတ်အောက် မှာ ချိတ်နေမဲ့
ငွေလမင်း ကိုငေးရင်း ချစ်သူနဲ့ ဖုံးပြောနေရော့မယ်
ထက်ပိုင်းကျိုး သစ်ပင်ကြီးရဲ့ အိပ်မက်ဆီက
လွင့်ထွက်လာတာတွေ ငါ့ကို လာစင်လို့ သပ်ကြည့်လိုက်တော့
ဒီလိုပါပဲ မိုးစက်တွေ
စီးဆင်းရင်း သီချင်းဆိုသွားကြ
တော်သလိုနေမိသင့်နေတာ
ပျော်သလိုနေမိသင့်နေတာ
တကယ်ဆို ငါကိုယ်တိုင်က မျက်စဉ်းဆေး နဲ့
အက်ဆစ် ကို မှားခတ်ခဲ့မိတာ…
မနက်ဖြန် ထွက်မဲ့ နံနက်ခင်းမှာ
မ ရဲ့ ဂီတသံ အပြုံးတွေ ဖြတ်သန်းနေဦးမလား......။     ။     ။

Windows 7 ကနေ Window8 စတိုင်ကလေးပြောင်းသုံးကြည့်ချင်သလား Window8 Metro ရှိတယ်


ကျနော့် ကွန်ပြူတာက Window 8 တင်လို့မရဘူးဗျာ သုံးဖူးချင်တာ Window8 ဆိုတာ ဘယ်လိုကြီးများဘာလိမ့်လို့သင်တွေးဖူးမယ်ထင်တယ် စိတ်မညစ်နဲ့  Window8 Metro  ရှိတယ်
 ဒီပုံစံလေးကြိုက်တယ် ဆိုရင်တော့ ရှေ့ဘာဆက်လုပ်မလဲဆိုတာသိတယ်နော်.. ဒီမှာသွားကြည့်
/span> Download Here! >>>

မိမိရဲ့ ကွန်ပြူ Desktop မှာ Window-9 Metro Sidebar နဲ့ အလှဆင်ထားကြည့်ချင်သလား


pWindow-9 Metro Sidebar  ကလေးပါ Portable လေး လုပ်ထားတာ Portable ဆိုတော့တစ်ခါသုံးဘဲရမှာနော်  ကိုယ်က ကြိုက်လို့ အမြဲတမ်းဒီပုံစံလေး ပေါ်နေချင် တယ်ဆိုရင် ကိုယ့်ရဲ့ စက်ထဲကို  Windows တက်လာတိုင်းအမြဲ Auto Run
တက်နေအောင် လုပ်ယူရတော့မယ်လေ.ဒီတော့ ကျနော်က အောက်မှာ
လုပ်နည်းလေးနဲ့ Setting လုပ်နည်းလေးကို ပုံနဲ့ ပြပေးလိုက်ပါတယ် နောက်ကနေ လိုက်လုပ်ကြည့်ပေါ့ အရင်ဆုံး  Download ဆွဲလို့ရလာတဲ့ Software လေးကို ဖွင့်ကြည့်လိုက်ပါ ပေါ်လာတဲ့ စတိုင်ကြီးမကြိုက်ဘူးဗျာ စိတ်ကြိုက်ကလိကြည့်ဦးမယ်
အောက်မှာ ကြည့်လိုက်နော်  .....For....64Bits..........!
/span> Download Here! >>>

 အဟ.ကြိုက်သွားပြီဗျာ ဒီစတိုင်လေးကို ဒါက Portable လေးဆိုတော့ အနိစ္စ-အမြဲမရှိနိုင်ဘူးလေ။။
ကွန်ပြူတာကိုဖွင့်တိုင်း ပြန်ပြီး Run နေရတော့မယ်.. မလိုချင်ဘူး တစ်ခါတည်းအပြီး Runနေအောင် လုပ်ထားမယ် အိုကေ အောက်မှာ နည်းလေးဆက်ကြီးတော့ ကြည့်လိုက်ဗျာ.. ရှင်းပါတယ်နော်...




အားလုံးအဆင်ပြေ ချောမွေ့နိုင်ကြပါစေ.......

Wednesday, December 11, 2013

SAMSUNG GALAXY OFFICIAL FIRMWARE


မြန်မာနိုင်ငံတွင်လူသုံးများတဲ့ ဖုန်းအမျိုးအစားများတွင်ပါဝင်သော  SAMSUNG GALAXY device အတွက် Official Firmware တွေကိုအလွယ်တကူ  ဒေါင်းလော့ဆွဲနိုင်အောင် Mediafire Link ကနေပြန်တင်ပေးလိုက်ပါတယ်။
စာအုပ်လေးနဲ့ လုပ်ထားပေးတယ်နော် ပြန်လည်မျှဝေမှုပါ အဆင်ပြေကြပါစေနော်
ဒေါင်းရန် .. ဒီမှာ ဆိုတာ ကို နှိပ်ပြီး ၀င်ရောက်ဒေါင်းယူပါ

နည်းပညာစာအုပ်များစုစည်းမှု. ( ၁ )


 အားလုံးပဲမင်္ဂလာပါဗျာ..
ခုကျွန်တော်ဟိုဆိုဒ်၊ဒီဆိုဒ်တွေကတွေ.တွေ.သမျှသဘောကျလို.ဒေါင်းထားတဲ.စာအုပ်
လေးတွေကိုပြန်ရှာလို.တွေ.သလောက်စုစည်းပီးတစ်ခါထဲတင်ပေးလိုက်ပါတယ်..
ဖိုင်ဆိုဒ်ကတော.နဲနဲများတော.ကွန်နက်ရှင်ကောင်းတဲ.အချိန်မှဒေါင်းလို.အဆင်ပြေမှာပါ..
ကျွန်တော်.ဆိုဒ်မှာအရင်တင်ပေးထားပီးသားစာအုပ်တွေလဲပါချင်ပါခဲ.ပါလိမ်.မယ်..
အဲဒီအတွက်ဆောရီးပါ..

နည်းပညာစာအုပ်တွေတစ်စုတစ်စည်းထဲသိမ်းချင်တဲ.သူတွေအတွက်တော.အဆင်ပြေပါလိမ်.မယ်..
စုစုပေါင်းစာအုပ် ( ၅၀ )ပါဝင်ပါတယ်... ဖိုင်ဆိုဒ် 290 MB ရှိပါတယ်..
တစ်အုပ်ချင်းတင်ရမှာပျင်းလို.တစ်ခါထဲပဲတင်ပေးလိုက်တာပါ..ဟီး.
ဒေါင်းဖို.ကွန်နက်ရှင်အခြေအနေကြောင်.အဆင်မပြေသေးဘူးဆိုလဲ
ဒီလင်.လေးကိုမှတ်ထားပီးနောက်ကွန်နက်ရှင်ကောင်းတဲ.အချိန်မှသာဒေါင်းကြပေတော.ဗျာ..
တင်ပီးမှသေချာပြန်ကြည်.မိပါတယ်..
နည်းပညာနဲ.မဆိုင်တဲ.စာအုပ်တစ်အုပ်နှစ်အုပ်ပါသွားတဲ.အတွက်ဆောရီးပါ..
မူရင်းစာအုပ်ရေးသားသူများတဲ.ဆရာများအားလုံးကိုလဲဒီနေရာကနေပဲ
ခွင်ပြုချက်ပေးဖို.အသိအမှတ်ပြုတောင်းခံပါတယ်..
     



                    ပါဝင်တဲ.စာအုပ်များ




     အရင်းအနှီးမလိုပဲအင်တာနက်တွင်ငွေပင်စိုက်နည်း၁+၂ (၀င်းကို)
     Fruity Loop Studio 10 နဲ.သီချင်းတစ်ပုဒ်ဖန်တီးမယ်ဆိုရင် (၀င်းဟိန်း)
    Basic Application ရေးသားဖန်တီးခြင်းဆိုင်ရာအခြေခံသဘောတရားများ(၀င်းဟိန်း)
    Bat File Programming (Zin Ko Oo / rapperlay444@gmail.com)
    Cracker Guide 2.2 ( rhythm / Myanmar Cracking Team)
    How To Create New Partition On External HDD ( မောင်နိုင် / www.lovercreater.com)
    Learning Nero 8 ( U Aung Lin )
    Loic DDOS Tools ကိုအသုံးပြုနည်း ( 3thic0kiddi3 / 3thic0kiddi3@gmail.com )
    Photo Shop 7.0
    Adobe Photo Shop Cs5 ( ရဲရှင်း )
    ဟက္ကာလက်စွဲ ( Khit100@gmail.com )
    Twitter အသုံးပြုနည်း (ကလျှာအိအိလွင် )
    Wifi Hacking Basic ( 3thic0kiddi3 / 3thic0kiddi3@gmail.com )
    Guitar Chord:a Beginner's Guide (Darrin Koltow / www.MaximumMusician.com )
    Android User Guide ( Chateau Man )
    အခြေခံဒရမ်တီးနည်း ( ထက်မိုး )
    အခြေခံဟက်ကင်းနည်းပညာ (မစ္စတာမောင်ဘစ်နေ)
    Cafe Zee အသုံးပြုနည်း
    အိမ်သုံး Proxy Server(သို့မဟုတ်)CCProxy အသုံးပြုနည်း  (ရာမညဖိုးလပြည်./www.phoelapyae.com)
    Complete Network Guide ( Zaw Lin / Youth )
    Corel DRAW X4 အသုံးပြုနည်း ( U Aung Myint )
    Swishmax နဲ.သီချင်းများဖန်တီးခြင်း    သူရအောင်(မိုးသောက်ပန်း)
    How To Create USB Bootable  ( www.moepcservice.blogspot.com )
    How to hack Facebook account ?  ( http://myanmarpyiyouth.blogspot.com/ )
    How To Make Money From Internet Beta Version (www.mmithelper.com )
    How To Use Konboot Software
    How To Create Android Application  ( htarhtarlwin.blogspot.com )
    How To Install Myanmar Font On Ubuntu 910  ( thebox02@gmail.com )
    Basic HTML
    htmlcss
    ( http://www.worldwidemyanmar.com )
    Introduction to Computer Science (ကွန်ပြူတာသိပ္ပံမိတ်ဆက်)
    joomla website အတွက်အခြေခံပြင်ဆင်မှု.များ & google app နှင်. domain name ချိတ်ဆက်ခြင်း( Moe Myint Shein)
    joomla အခမဲ.၀က်ဘ်ဆိုဒ်ရေးတင်နည်း  ( ကောင်းမြတ်ထွဋ် / တင်ဦး )
    Keylogger Creation With Notepad  (www.minsoeyarsar.com)
    အဆင်.မြင်.လိဒ်ဂစ်တာတီးခတ်နည်း  ( ခိုင်ကျော် )
    Mouse Effect ထည်.နည်း ( www.mmflashsongs.ning.com )
    Myanmar Font For Android Without Rooting နေမင်းမောင် (https:www.nayminmaung.info)
    How To Use Paint Program On Window
    Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း( http://www.pyayblogger.com )
    Secret Of Gmail
    Wifi မှန်သမျှလွယ်လွယ်ဟက်မယ် ( အိုင်တီမုဆိုး )
    Window 7 အသုံးပြုနည်းလက်စွဲ ( U Aung Lin )
    Wnidow 7 Installation Guide ( KznT )
    Window 8 အသုံးပြုနည်း သရ ( ITC )
    Wordpress Installation Guide ( လရိပ် )
    Xss Hacking ( r00tcreat0r )
    ကွန်ပြူတာဖြင်.အဆောက်အဦးပုံစံရေးစွဲနည်း ( U Aung Lin )
    ကီးဘုတ်တီးနည်း ဦးတင်အေး ( ထားဝယ် )
    ဗုဒ္ဒဘာသာကောင်းတစ်ယောက်

Credit :http://shweminwun.blogspot.com/

ဒေါင်းရန် ... ဒီမှာ

Skype အသုံးပြု စာအုပ်




ရဲကျော်: ဆရာ skype အကောင့်ဖွင့်နည်းလေးသင်ပေးပါလာ ကျေးဇူးအထူးတင်ပါတယ်


ကိုရဲကျော် မရှင်းတော့ဘူးနော် စာအုပ်လေးသာ ဒေါင်းပြီးဖတ်ပေတော့ဗျာ
အဆင်ပြေပါစေ ...ဒေါင်းရန် ... ဒီမှာ ဆိုတာ ကို နှိပ်ပြီး ဒေါင်းယူနိုင်ပါသည်

ပုံတူပွားခြင်းနဲ့ ပတ်သက်သမျှ သိစရာ

KZO: ဗျို့... ဆရာဟန်... ကူပါဦးဗျာ...
HTN: ဘာတွေ ဖြစ်နေတာလဲဗျာ...
KZO: ဟို... ဟိုဟာဗျာ... ပုံတူ... ပုံတူ... မျိုးပွား... ပွားတဲ့ကိစ္စဗျာ...
HTN: ဟေ့လူ... ဆရာကျော်... မျိုးပွားတဲ့ ကိစ္စက `အိုဂျီ´ တွေ အလုပ်လေ...
KZO: ဟာ... ဆရာသမားက တယ်ဝေးသကိုး... လယ်ဝေးပို့ရတော့မယ်... ဒီမှာ... ပုံတူမျိုးပွားတယ်ဆိုတာ Cloning ကိုပြောတာ... Cloning ကိုပြောတာ...
HTN: အဲဒီတော့...
KZO: ဟာ... ဆရာသမားကလည်း ကျုပ်ဒီမနက်ပဲ ဟိုးတုန်းက ရုပ်ရှင်ကားဟောင်းကြီး ကြည့်လာတာ... အဲဒီမှာ... ကျုပ်တို့မင်းသားကြီး ၀င်းဦးက ခုနှစ်ကိုယ်ခွဲပြီးတော့...
HTN: ဟိုး... သိပြီဆရာ... `ချစ်သူရွေးမယ် ချစ်ဝဲလယ်´ ဆိုတဲ့ရုပ်ရှင်မဟုတ်လား... အဲဒါမျိုး ဒီဘက်ခေတ်မှာ ရာဇာနေ၀င်းကလည်း `ရာဇာနေ၀င်း Clone´ ဆိုပြီး တစ်ကားရိုက်သေးတယ်ဗျ...
KZO: ဟုတ်တယ်ဗျ... အဲဒါတွေထဲကလို...
HTN: ဟေ့လူ... ဒါမျိုးလား...
KZO: ဟာ... ဟုတ်ပါ့ ဆရာသမားရေ... ဆရာသမားက တယ်လက်သွက်သကိုး... ဒါကြောင့်လည်း ဆရာဟန်၊ ဆရာဟန်ဆိုပြီး အသာစံနေတာပေါ့...
HTN: တော်... တော်... ခင်ဗျားမြှောက်ပင့်စကားတွေ...
KZO: ကဲ... ထားဗျာ... အပိုစာသားတွေ၊ စာသားအပိုတွေ လုပ်မနေနဲ့... ဘယ်လို လုပ်သလဲဆိုတာ... အခုတစ်ခါတည်း ပြောပြ... မဟုတ်ရင်တော့နော်... ဆရာ့သတင်းတွေ၊ အတင်းတွေ...
HTN: ဟေ့လူ... တော်... တော်ဗျာ... အခုပြောပြမယ်... ပထမဆုံး အဲလိုပုံတွေရဖို့ ဓာတ်ပုံရိုက်တဲ့အခါ တစ်နေရတည်းမှာ (Tripod) လို့ခေါ်တဲ့ ထောက်တိုင်နဲ့ ထောက်ပြီးရိုက်ရမယ်ဗျ။ အဲဒါမှ ပုံတွေကို ပြန်ပေါင်းတဲ့အခါ အဆင်ပြေမှာ...

ပြီးရင် အဲဒီပုံလေးပုံကို ပေါင်းမယ်ဗျာ။ အဲဒီလိုပေါင်းတဲ့အခါ ဘယ်ပုံကို အောက်ဆုံးမှာ ထားရမလဲဆိုတာကိုတော့ သေချာရွေးဗျာ။ ဒီနမူနာမှာတော့ အောက်ဆုံးပုံအဖြစ် ဒီပုံကိုထားလိုက်တယ်။
ပြီးရင် နောက်ထပ် အဲဒီ Layer ထက် ရှေ့နည်းနည်းရောက်မယ်ထင်တဲ့ Layer တစ်ခုကို သူ့အပေါ်မှာ ထပ်တင်မယ်ဗျာ... အဲ... တင်ပြီးတဲ့အခါ အဲဒီ Layer ရဲ့ Opacity ကို 60% လောက်ခဏထားကြည့်ပြီး အောက်က ပုံနဲ့ တစ်ထပ်တည်း ကျမကျ ကြည့်ရမယ်။ မကျရင်တော့ ရွှေ့ရမယ်ပေါ့ဗျာ။
ပြီးရင် အဲဒီ Layer ရဲ့ Opacity ကို 100% မှာ ပြန်ထားမယ်... ပြီးတော့ Layer Mask တစ်ခုခေါ်ပြီး မလိုတဲ့ အခြမ်းတွေကို ဖျက်ပစ်မယ်ဗျာ။ ဒီမှာ တစ်ခုတော့ ပြောရမယ်... တကယ်လို့သာ Photoshop CS3 ကို အသုံးပြုမယ်ဆိုရင်တော့ Auto-Align Layers နဲ့ အလွယ်တကူ အဆင်ပြေပြေပဲ ဒီအဆင့်တွေကို ဦးမစားဘဲ လုပ်လို့ရမယ်ဗျာ။
အဲလိုပဲ... နောက်ထပ် Layer တွေကိုလည်း အထက်ကအတိုင်းလုပ်မယ်။ ပြီးရင် Layer Mask သုံးပြီး မလိုတဲ့နေရာတွေကို ဖျက်ပစ်မယ်။ ဒီလိုမျိုးဗျာ...
အဆုံးသတ် ဖန်တီးပြီးသွားရင်တော့ ပုံအတိုင်း တွေ့ရမှာပေါ့ဗျာ...
KZO: ဟိုက်ရှားဘား... ရေရေလည်လည်ကို လန်းတယ် ဆရာသမားရေ... ကျုပ်လည်း ကိုယ်ပွားတွေ ဖန်တီးကြည့်လိုက်ဦးမယ်။ တကယ်လို့ လူတွေအများကြီး ပါမယ်ဆိုရင် ခက်လည်းခက် ရှုပ်လည်းရှုပ်ကုန်မှာပေါ့နော်...
HTN: အင်း... လူချင်းမထပ်အောင်တော့ ဓာတ်ပုံရိုက်တဲ့အခါ သေချာနေရာရွေးပေါ့ဗျာ... အဓိကကတော့ Tripod ဆိုတဲ့ ထောက်တိုင်နဲ့ သုံးပြီးရိုက်ဖို့ပဲဗျ။ ပြီးတော့ ပတ်ဝန်းကျင် အလင်းအမှောင် အပြောင်းအလဲမမြန်တဲ့နေရာမျိုးမှာပေါ့ဗျာ။ ဒီမှာ နမူနာတွေ ရှိသေးတယ်... ကြည့်သွားဦး...
KZO: အင်း... ဒါကြောင့်လည်း ဆရာဟန်၊ ဆရာဟန်ဆိုပြီး နာမည်ကျော်နေတာကိုး... မြန်မာပြည်မှာ မျောက်မင်းဝူခုံးကားရိုက်ရင်... ဆရာ့ကိုခေါ်သုံးမှပဲ...
HTN: တော်... တော်တော့ ပုဂ္ဂိုလ်... အပိုစာသားတွေ၊ စာသားအပိုတွေ အခုရပ်...
KZO: အေးပါဗျာ... ကျုပ်လည်း တော်တော်အသွင်ထူးတဲ့ ကျော်ဇင်ဦးဖြစ်သွားအောင်... ပေါ်တင်ကူးလိုက်တော့မယ်ဗျာ...
HTN: အဟား... ဟား... ဟား...
မူရင်း...  http://www.mmphotoshop.net/

ဓာတ်ပုံဒီဇိုင်းလှလှတွေ ဖန်တီးချင်သူများအတွက်



ဒီဆော့ဝဲလေးကတော့ ဓာတ်ပုံကို ဒီဇိုင်းလှအောင် ပြင်တဲ့အခါ ပန်းဘောင်လှလှလေး

အရုပ်ကလေးတွေ ပန်းကလေးတွေ ထူးဆန်းတဲ့ရောင်ခြည်လေးတွေနဲ့  ပုံကိုလှစေဖို့ 

အထူးသင့်လျှော်တဲ့ဆော့ဝဲလေးပါ ၊ စာလုံးဒီဇိုင်းမှာ မြန်မာလို့ ပြောင်းရေးတာမရဘူး

လေ့လာလိုသူတွေ သေချာလေ့လာကြည့်ပါ။  ဒီဇိုင်းဆိုတာ ရေးဆွဲသူရဲ့  စိတ်ကူးပေါ်

မူတည်ပီး လှပလာမှာပါ ။ ဖိတ်စာ လိပ်စာ ကတ်တွေအတွက်လည်း အဆင်ပြေနိုင်၏

ပန်းဘောင်လှလှလေးတွေ ပါလာတာမို့  ဖိတ်စာ အလှပြန်ဆင်လို့ ရတယ်၊ လိုချင်သူ

ဒီဇိုင်းဆွဲတာဝါသနာပါသူတွေအတွက် အဆင်ပြေတဲ့ ဆော့ဝဲကောင်းလေး တစ်ခုပါ

Full Version ဖြစ်စေို့ အထဲမှာ ကီးထည့်ပေးထားပါတယ်.....။

ဒေါင်းရန်.. ဒီမှာ

Photoshop သမားများအတွက် Brush



Photoshop သမားများအတွက် Brush တွေ အများကြီးရှိတဲ့ Website တစ်ခုပါ........

တော်တော်များတယ်ဗျ.......စုံလဲစုံတယ်.......

1-Click Download နဲ့ဆွဲလို့ရတဲ့ အတွက်...တော်တော်ကောင်းပါတယ်...

ဒီမှာပါခင်ဗျ ..
Website ကတော့..... >>>> http://brushforphotoshop.com

Odin Frame Photo Creator 9.8.2 Full




ဓါတ်ပုံ Frame တွေလုပ်တဲ့ ဆော့ဝဲပါ.. ကျွန်တော်တော့ မသုံးတတ်ဘူး.. မိတ်ဆွေများ လိုချင်ရင် ယူလို့ရအောင်လို့ပါ..
အဆင်ပြေပါစေ..

မောင်ပေါက်


Download Links: 20.3 MB

Picture colle mak pro



ဓါတ်ပုံ တွေ ကို ကလိ ချင်သူ များ အတွက် အကောင်းဆုံး ၀န်ဆောင်မှု ပေးတဲ့ 
ဆော့ ဝဲလ်ကောင်းလေး တစ်ခု ပါ ပဲ စိတ်ဝင်စားသူများ ဒေါင်းယူ အသုံးပြုနိုင်ပါသည်
ညီ ကိုယ်တိုင်လဲ တောင်စမ်းမြောက်စမ်း ဟိဟိ အဆင်တော့ ပြေတယ်
လိုအပ်သူများ ဒေါင်းယူနိုင်ပြီး ဆရာဆရာ့ ကြီး များ ကျော်ခွသွားပါဗျာ...
အစဉ်အားပေးလာရောက်ကြည့် ရှုသူများ အဆင်ပြေစိတ်ချမ်းသာကြပါစေဗျာ..
ဒေါင်းရန်... ဒီမှာ ဆိုတဲ့ စာသားလေး ကို နှိပ်ပြီး ဒေါင်းယူကြည့် ရှုနိုင်ပါသည်..

Photoshine_Fullversion



ဒါကလည်း ဓါတ်ပုံပြင်တဲ့ program လေးပါ။ အထဲမှာ ဒီဇိုင်းတွေ အများကြီး ပါဝင်ပါတယ်။ frame တွေ အများကြီး ပါတဲ့ အတွက်ကြောင့် မိမိလိုသလို ပုံတွေကို ဒီဇိုင်းလုပ်လို့ ရပါတယ်။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဓါတ်ပုံပြင်တဲ့ ဆိုင်တွေမှာ ready made frame တွေနဲ့ လုပ်ကြတာ အခုလို photo editing software တွေကို များသောအားဖြင့် သုံးပြီးတော့ ပြင်ကြတာပါ။ အမြန်ပြင်ရတာ ဖြစ်တဲ့အတွက်ကြောင့် photoshop နဲ့ လုပ်ဖို့ အချိန်မရတဲ့အတွက် အခုလို frame တွေထဲ ထည့်လိုက်ရုံနဲ့ ပြီးတဲ့ software မျိုးကို သုံးတာပါ။ ကဲလိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ။
ဒေါင်းရန် ... ဒီမှာ

Photoshop သမားများအတွက် ရှိထားရမယ့် Plug-in တစ်ခု Noiseware Plug-in 5.0.0.7 Full


 
Photoshop ဟာ ဓါတ်ပုံသမားတွေအတွက် အဓိကသုံးစွဲနေတဲ့ Software တစ်ခုပါ. ကျွမ်းကျင်ရင်ကျွမ်းကျင်သလို ကောင်းမွန်ပြည့်စုံတဲ့ အရည်အသွေးမြင့် ဓါတ်ပုံနဲ့ ဒီဇိုင်းတွေ ဖန်တီးနိုင်ပါတယ်.. မကျွမ်းကျင်သူများအတွက် နဲ့ လွယ်ကူသက်သာဖို့အတွက်တော့ Plug-in တွေဟာ မရှိမဖြစ်ပါပဲ.. NoisewarePlugin v5.0.0.7 Full Version က ဓါတ်ပုံရဲ့ ရုပ်ထွက်ကောင်းမွန်မှုနဲ့ ကြည်လင်ပြတ်သားမှု၊ စိုပြည်တောက်ပမှုတို့အတွက် အထောက်အကူ ပြုပါတယ်..
Install လုပ်နည်းကတော့ ဒီကောင်ကို Photoshop>plugin ထဲကို ညွှန်းပေးရမှာဖြစ်ပါတယ်..
Full version ဖြစ်ဖို့အတွက် ဒီကောင်ကို Install လုပ်ပြီးရင် Photoshop ကိုဖွင့်လိုက်ပါ.. ပြီးရင် ဓါတ်ပုံ တစ်ပုံလောက်ဖွင့်လိုက်ပါ.. Menu bar ထဲက Filter>Imagenomic>Noiseware ကိုနှိပ်လိုက်ပါ. ကီးတောင်းရင် ပါလာတဲ့ ကီးကိုဖြည့်ပေးလိုက်ပါ.. အင်တာနက်ပိတ်ထားဖို့လိုပါမယ်..
ဒေါင်းရန် ... ဒီမှာ နဲ့  ဒီမှာ ဒေါင်းလိုက်ဦးနော်...

ဖိုတိုရှော့ လေ့ကျင့်ခန်း(သင်ခန်းစာ) စာအုပ်



ကဲ အထက်ပုံလေး အတိုင်း ပြုလုပ်ချင်တယ် ဆိုရင် အောက်ပါ ဖိုင်လေး ကို ဒေါင်းယူပြီး
အသုံးပြုနိုင်ပါတယ် ဘာလေးလဲ ဆိုတော့ ကာ အသုံးပြု လမ်းညွှန် စာအုပ်လေးပါပဲ
ဆရာကြီးများတော့ ကျော်သွားပေါ့ နော် လေ့ လာဖတ်မိသမျှပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်
အဆင်ပြေကြပါစေ နော်...
ဒေါင်းရန်... ဒီမှာ ဆိုတာ ကို နှိပ်ပြီးဝင်ရောက် ဒေါင်းယူနိုင်ပါသည်

ဖိုတိုရှော့ လေ့ကျင့်ခန်း(သင်ခန်းစာ) စာအုပ်



ဒါမျိုးလေးရော မစမ်းသပ်ချင်ဘူးလား လိုချင်တယ် လုပ်ချင်တယ်ဆိုရင်
ဒေါင်းလိုက်ပေါ့ ဗျာ အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်
ဒေါင်းရန် .. ဒီမှာ ဆိုတာ ကို နှိပ်ပြီး ၀င်ရောက်ဒေါင်းယူနိုင်ပါသည်

ဖိုတိုရှော့ လေ့ကျင့်ခန်း (သင်ခန်းစာ) စာအုပ်


ဒါမျိုးလေး မိမိအပုံကို ပြုလုပ်ချင်သူများအတွက်ပေါ့ နော်
စိတ်ဝင်စားတယ်ဆိုရင် ဒေါင်းယူအသုံးပြုနိုင်ပါသည်
အဆင်ပြေကြပါစေ နော်..
ဒေါင်းရန်
... ဒီမှာ ဆိုတာကို နှိပ်ပြီး ၀င်ရောက်ဒေါင်းယူနိုင်ပါသည်

Photo shop အသုံးပြု စာအုပ် ပေါင်းချုပ်


ကဲစိတ်ဝင်စား နှစ်သက်မယ်လို့ ထင်ပါတယ် ဗျာ မိတ်ဆွေတွေ အတွက်
ထပ်ဆင့်ဝေမျှလိုက်ပါသည် အသုံးလိုသူများ ၀င်ရောက်ဒေါင်းယူနိုင်ပါသည်
ဒေါင်းရန်
... ဒီမှာ ဒီမှာ ဒီမှာ
 

Visitors

Flag Counter
 

Designed By Blogs Gone Wild!