တကယ်ဆို..ငါတို့နှစ်ယောက်ကြား
စကားလုံးတွေမလိုဘူးဆိုတာ
နင်သိနေခဲ့တာပဲလေ
အနားသတ်မရှိတဲ့လရောင်နဲ့
တခမ်းတနားကို ကဗျာဆန်ခဲ့တာ
ကြာခဲ့ပေါ့..ချစ်သူရေ.......
ကျေးလက်ဆန်တဲ့ဥယျာဉ်မှာမှ
ခိုးကြောင်ခိုးဝှက်ပွင့်ခဲ့ရရှာတဲ့ပန်းလေ
ကမ္ဘာဦးကတည်းက
ခူးယူ ပန်ဆင်ခဲ့ဖူးပါတယ်
အဲဒီညနေမှာပဲ
တဂိုးလ်ရဲ့ကဗျာတချို့နဲ့ချော့မြူခဲ့တယ်
လွတ်လွတ်ကျွတ်ကျွတ်
မပွင့်ရသေးတာကလွဲရင်ပေါ့.......
တခါတရံတော့လည်း
နှင်းမကွဲသေးတဲ့
ဒီဇင်ဘာညနေခင်းတွေကိုလွမ်းမိတယ်
အယူအဆတွေမတူညီကြပေမဲ့
တို့နှစ်ယောက်ရဲ့ကမ္ဘာကို
နားလည်မှုတွေနဲ့တည်ဆောက်ခဲ့ကြဘူးတယ်နော်
ငါထင်တယ်
စောင်းကြိုးတစ်ခတ်ရဲ့ ရစ်သမ်ဟာ
ဘာလင်တံတိုင်းကြီးတောင် ပြိုကြစေနိုင်တယ်......
မှားခဲ့တယ်လို့ငါမဆိုပါဘူး..ချစ်သူ
စကားလုံးတွေပျော်ဝင်နေတဲ့
မင်းမျက်လုံးတွေကို ဖတ်ဖို့
အစောဆုံးဒဏ္ဍာရီစာမျက်နှာကို
လှန်ကြည့်နေရသလိုမျိုး
အချစ်အပြင်..မေတ္တာ..ကရုဏာ
သိမ်မွေ့ခြင်းတွေနဲ့အတူ
ချစ်ခြင်းဖွဲ့ကဗျာတွေငါရေးခဲ့ဘူးတယ်......
ငါက အသံမဲ့စကားလုံးတွေရွတ်ဆိုပြတော့
မင်းက ညင်သာစွာပြုံးပြခဲ့ဘူးတယ်နော်.......
တခါတရံက အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုလည်း
အံဝင်ခွင်ကျ မင်းခေါင်းညိတ်လက်ခံခဲ့တာကိုက
အကောင်းဆုံးရလဒ်လို့ငါထင်ခဲ့တာ
အဲဒီကစလို့ ရွာရိုးကိုးပေါက်လွမ်းခဲ့ကြရတာပေါ့......
ရောမခေတ်မှာ
လူလူသူသူမပွင့်ခဲ့ရရှာတဲ့ပန်း
ညနေဇာတ်ဝင်ခန်းတွေက
ရှည်လျားလွန်းခဲ့ပါတယ်
အရာအထောင်မကတဲ့
နှလုံးသားစိတ်အဆွေးတွေကိုလည်း
တစ်ကြိမ်ထဲနဲ့ ကျင်းဝင်အောင်ပစ်ခဲ့ရသူပါ....။
အချစ်လုလင်
No comments:
Post a Comment