Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Friday, December 13, 2013

မဖြစ်နိုင်တာတွေမမေးပါနဲ့



ကမ္ဘာကျော် Apple ကွန်ပြူတာ ကုမ္ပဏီကြီးက ကွန်ပြူတာ အမျိုးအစားသစ်တစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ်လိုက်နိုင်သည်။

အဆိုပါ ကွန်ပြူတာတွင်အနာဂတ်ကို မှန်ကန်စွာ ပြောပြနိုင်သော ပရိုဂရမ် ထည့်သွင်းထားပြီး

အနာဂတ်တွင် ဘာဖြစ်မည်ကို တိတိကျကျ အဖြေထုတ်ပေးသည်။

ထို့ကြောင့်ထိုကွန်ပြူတာကို လူထုရှေ့တွင် ချပြပြီး အရောင်းမြှင့်တင်ရေး အတွက်လူထုထဲမှ စိတ်ကြိုက်မေးခွန်းများကို မေးခွင့်ပြုလိုက်သည်။
 ကင်ညာနိုင်ငံက မော်ကချီ ၀င်ထိုင်ပြီးကီးဘုတ်မှမေးခွန်းရိုက်ထည့်လိုက်သည်။
"ကင်ညာနိုင်ငံ ဘယ်အချိန်တွင် ဒီမိုကရေစိ ရနိုင်မည်နည်း"

ပရိုဂရမ် -- ၀ီး ... ကနဲ run သည်။ အဖြေ ချက်ချင်းပေါ်လာသဖြင့် ပရိဿတ်သဘောကျသွားသည်။

အဖြေမှာ - "နောက် ၁၀ နှစ်အကြာ ... " ဟုရေးထားသည်။
မော်ကချီခေါင်းငိုက်စိုက်ဖြင့် ထွက်သွားသည်။

နောင် ၁၀နှစ်တွင်သူ ရှိ့ နိုင်တော့မည် မဟုတ် တော့...။

မြောက်ကိုရီးယားက ပတ်ဂျီဆန် ၀င်ထိုင်ပြီး မေးခွန်းရိုက်ထည့်သည်။

"မြောက်ကိုရီးယား  ဘယ်အချိန်တွင်  ဒီမိုကရေစိ ရနိုင်မည်နည်း"

ပရိုဂရမ် ၀ီး ... ကနဲ run ပြန်သည်။ အနည်းငယ် အချိန်ကြာပြီး အဖြေပေါ်လာသည်။

"နောင် နှစ် ၁၀၀ အကြာ ..." ပတ်ဂျီဆန် ခေါင်းငိုက်စိုက် ကျသွားသည်။

နောင်နှစ် ၁၀၀တွင် သူလူ့လောကကြီးတွင် ရှိတော့မည်မဟုတ် ...။

လူအုပ်ထဲမှ ၃နှစ်သားအရွယ် မြန်မာ ကလေးငယ် တစ်ဦးထွက်လာသည်။

စာမတတ်သေးသဖြင့် ကီးဘုတ်ကို တာဝန်ခံမှ ၀င်ရိုက်ပေးရသည်။

ကလေးငယ် ၏မေးခွန်းမှာ

"သားတို့ မြန်မာနိုင်ငံဘယ်တော့ ဒီမိုကရေစိ ရနိုင်မည်နည်း"

ပရိုဂရမ် run ပြန်သည်။ အချိန်အတော်ကြာသည်။ ပရိဿတ်လည်း စိတ်ဝင်စားစွာစောင့်ကြည့်နေသည်။

ကွန်ပြူတာမှ မီးခိုးများ အူထွက်လာသည်။ ပရိဿတ် ဘေးကိုရှဲသွားသည်။

ထို့နောက် ၀ုန်း ဆိုသောအသံကြီးနှင့်အတူ ကွန်ပြူတာပေါက်ကွဲသွားသည် ...

တာဝန်ခံများ အပြေးအလွှား ကွန်ပြူတာအသစ်တစ်လုံးလာရောက်လဲလှယ်ပေးသည်။

သို့သော် ရှေ့တွင် စာတမ်းတစ်ခုတော့ ချပေးသွားသည်

"အနာဂတ်ကို မှန်ကန်စွာ ဟောပြောနိုင်သော ကွန်ပြူတာကို မည်သူမဆိုစမ်းသပ်မေးမြန်းခွင့်ပြုသည်။

သို့သော် မဖြစ်နိုင်သော မေးခွန်းများကိုမမေးပါနှင့် ..."......ဟူ၏။

တိန်.....

ရီမောပျော်ရွှင်ပါစေ

No comments:

Post a Comment

 

Visitors

Flag Counter
 

Designed By Blogs Gone Wild!