Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Friday, December 13, 2013

''ဒီ ကဗျာခေါင်းစည်းမရှိ''


အခန့်ညာဆုံး အိပ်မက်
အထည်ဝါးဆုံးမျှော်လင့်ချက်တွေ ဟီးလို့
မိမဲ့ ဖမဲ့ ဘဝတွေခမျာ ဟင်းလင်း
အဓွန့်ရှည်သဟဇာတမမျှတမှုအပေါ်
ဘယ်သူတွေ ဖာထေးပေးကြလဲ
နွေညခင်းတွေပျောက်ရှပြီး
အအေးဓာတ်ခဝါလာချတာမဆန်းဘူး
ဒါ ကဗျာ မခေါ်ဆိုထိုက်တဲ့ ကဗျာပါ
ဒါ မိမဲ့ဖမဲ့ သတ္တဝါလေးတွေရဲ့ ရင်ထဲရှိ စကားသံပါ
ပတ်မကြီးသာ အမောဖောက်သွားမယ်
ငြိမ်းချမ်းရေး တေး မဆိုနိုင်ကြဘူး
ကိုယ့် နဖားကို ကိုယ်ကွင်းဆွတ်
ကိုယ့်ခြေထောက်ကို ကိုယ်ရိုက်ချိုး
ကိုယ့် မျက်စိကို ကိုယ် ဖောက်
ကိုယ့် မျှော်လင့်ချက် ကိုကိုယ်
အရောင်ဆိုးပေးရမယ့် ပုံပဲ
အရာရာအာလုံးဟာ
သဗ္ဗေသတ္တာ ကမ္မသကာ
ဘုရားဟောဓမ္မတေးကိုမေ့လို့
လူတွေကပြောလိုက်သေးတယ်
နှာခေါင်းရှုံ့ကြတယ်​....
မေး​ငေါ့ကြတယ်​​ပြောလိုက်​​သေးတယ်
နိမိတ်​မရှိဘူးတဲ့...အဲ့ဒီ လို...အဲ့ဒီလို...
စကားလုံး​ပေါင်းများစွာနဲ့ ကဲ့ရဲ့​နေသူ​တွေ
နောက် အဆုံးသတ်​​တော့လဲ
ငါ့ကို ​နေရာ​ တစ်​ခု​ပေးပါဆိုပြီး
တောင်းပန်​​နေကြ​လေရဲ့...


 ညီဆူးသစ်

No comments:

Post a Comment

 

Visitors

Flag Counter
 

Designed By Blogs Gone Wild!