Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Thursday, November 18, 2010

Gmail Account တွေကို Browser တစ်ခုတည်းကနေ တပြိုင်နက်ဖွင့်ရအောင်

အရင်တုန်းက ဆိုကိုယ့်မှာကအကောင့်နှစ်ခု ရှိတယ်အကောင့်နှစ်ခုစလုံးရဲ့Gmailကိုဖွင့်
ချင်တယ်ဆိုရင်ဖွင့်လိုမရလို. စိတ်ညစ်ရတာမျိုးတွေရှိဘူးမှာပါ
အခုနောက်ပိုင်းGmail အကောင့်တွေကို browser. တစ်ခုတည်းနဲ. တပြိုင်နက်ဖွင့်လိုရပါပြီ
အလွယ်ကူဆုံးနည်းကို ကျွန်တော်ပြောပြပါမယ်
အရင်ဦးဆုံး မိမိ အကောင့်ထဲကနေ Setting ကိုနိုပ်ပါ




account setting ကိုနိုပ် ပါ။ ပြီးရင် OK နိုပ်ပါ။



ပြီးတော့ခဏလေးစောင့်ပါ။။။
Google account ဆိုတာပေါ်လာပါလိမ့်မယ်
ပြီးရင် Personal Setting ထဲမှာ Multiple sign-in ကို Edit လုပ်ပါ




ပြီးရင် Use multiple Google Accounts ကို on နိုပ်ပြီးအချက်များကိုအမှန်ခြစ်လိုက်ခြစ်ပါ။

ပြီးရင် Save ကိုနိုပ်ပါ


Your account information has been updated and save back ဆိုတဲ့စာကြောင်းလေးပေါ်လာပါလိမ့်မယ်
Back ဆိုတာကိုနိုပ်ပါ။


ထိပ်ဆုံးမိမိအကောင့်ရဲ့ ဘေးမှာ Down arrow လေး ပေါ်လာပါလိမ့်မယ် အဲဒါလေးကိုနိုပ် ပြီး
Sign in to other account ဆိုတာလေနိုပ်လိုက်ရင် မိမိရဲ့ Gmail များကို Browser တစ်ခုတည်းကနေပြီးတော့ တစ်ပြိုက်နက်
ဖွင့်လိုက်ရပါပြီခင်ဗျာ။

သီချင်းများ

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် (အိမ်) နင်သိရဲ့လား နေညိုရင်၂ ရွှေရောင်အရှုံး ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ LOVE(kg ma lay) နူတ်မဆက်ချင်ဘူး

Friday, November 12, 2010

အချစ်ဆိုတာ.......?

အချစ်ဆိုတာ . . .
လေအဟုန်နဲ့ ယိမ်းနွဲ့စွာ
ပျံဝဲနေတဲ့
သိမ်းငှက်တစ်ကောင်လား။

အချစ်ဆိုတာ . . .
တသွင်သွင် ကြည်လင်စွာ
စီးဆင်းနေတဲ့
စမ်းချောင်းပမာလား။

အချစ်ဆိုတာ . . .
အုပ်မှိုင်းမှိုင်း ထူထပ်စွာ
စိမ်းစိုနေတဲ့
တောအုပ်ပမာလား။

အချစ်ဆိုတာ . . . . . . .

အပျော်ဆုံးလူ

စံပယ်နှစ်ပွင့်
မင်းဆံနွယ်ဆီ ယုယကြင်နာ
ကိုယ်တိုင် ဆင်မြန်း
လုပ်ပေးရလို့
ကျေနပ်ပီတိဖြစ်ရ၏။

ဤကဲ့သို့ပင် ကြိမ်ဖန်များစွာ
လုပ်ပိုင်ခွင့်လေး
ပေးသနားရင်
ဒီလောကတွင်
အပျော်ဆုံး ငါ
လူသားတစ်ဦး ဖြစ်လိမ့်မည်။

လေးနက်မှု

တစိမ့်စိမ့်တွေးလို့
ချစ်စိတ်တွေပေါ်
ရင်ခုန်သံ စည်းချက်များ
ရင်ခွင်မှာ လှိုင်းခတ်လောက်အောင်
မြတ်နိုးတွယ်တာ ချစ်ရသူပါ။

အချစ်စစ်က မာနကြီးလို့
အထိမခံ ဖြစ်လို့နေလဲ
မင်းက ငါ့အတွက်
အချစ်ဦးမို့
ရူးလောက်မတတ် ချစ်ရသူပါ။

ငါ့ဘ၀အတွက်
တစ်ခုထဲသော အရေးပါမှု
မင်းဖြစ်နေလို့
အရာအားလုံး
အရှုံးပေးပြီး ချစ်ရသူပါ။

Truth Love

ချစ်ပါတယ်
မြတ်နိုးစွာ ဆိုချင်တယ်
ယုံတ၀က် မယုံတ၀က်
မလုပ်ပါနဲ့
ရူးမိုက်စွာ ချစ်တာပါ။

စွဲလမ်းတယ်
မမြင်ရရင် ရူးချင်တယ်
တောင့်တတာ
နေတိုင်းကို
လွမ်းစိတ်နဲ့ ချစ်တာပါ။

အကြိမ်တစ်ထောင်မက
ပြောနေရလဲ
ရင်ထဲက စကားလုံးတွေ
မကုန်ခမ်းနိုင်အောင်
ချစ်တာပါ ။

ငါ မင်းကို
ဘ၀တစ်ခုလုံးအတွက်
သိပ်ချစ်တယ်။

Error Killer Software


ကွန်ပျူတာရှိရင် Error ရှိမယ်။ Error ရှိရင် Killer ရှိမှရမယ်။ ဒါကြောင့် Error များ မကင်းတဲ့ ကွန်ပျူတာ သုံးစွဲသည့် User များအတွက် Error Killer ဆော့ဝဲလ်လေး ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်ရဲ့ အထက်ပါ ပုံကို ဖော်ပြထားတဲ့အတွက် သုံးစွဲမှုကို အများကြီး ရှင်းပြစရာ မလိုတော့ပါဘူး။ ဒီမှာ Download ယူပါ။

Flash Effect Maker Pro


ဟိုတစ်နေ့က Gtalk မှာ လာရောက်တောင်းဆိုထားတဲ့ ဆော့ဝဲလ်လေးပါ။ အချိန်မအားလပ်တာကြောင့် နောက်ကျမှ ဖော်ပြပေးမိပါတယ်။ အဲဒီအတွက်လဲ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကဲလိုချင်တဲ့ ဆော့ဝဲလ်လေးကို ဖော်ပြလေးလိုက်ပါတယ်။ ဒီတွင် Download ယူပါ။

ဒီဆော့ဝဲလ်လေး အသုံးဝင်ပုံကိုလည်း တောင်းဆိုသူရော တစ်ခြားစာဖတ်သူများ အနည်းငယ် ပြောပြလိုပါတယ်။ ဘလော့မှာ Banner တွေ၊ Flash Website တွေ၊ Slid show တွေ၊ Animation စာသားတွေ စသည် စသည်များဖြင့် စုံလင်စွာ ဖန်တီနိုင်သော ဆော့ဝဲလ်လေးပါ။ သုံးကြည့်ရင် ကောင်းမှန်းသိမှာပါ။

တော်လိုက်တဲ့ ကွန်ပျူတာ

ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တစ်ရာခန့်တို့သည် ကမ္ဘာ့လျှို့ဝှက်ချက်ဟူသမျှကို သိရှိဖြေကြားနိုင်သည့် အတော်ဆုံး ကွန်ပျူတာကို စုပေါင်း တည်ဆောက်ခဲ့ကြသည်။ ထို့နောက် ပထမဦးဆုံး မေးခွန်းတစ်ခုကို မေးကြည့်ကြသည်။ ၎င်း မေးခွန်းမှာ

ကမ္ဘာကြီး ဘယ်လို စတင် ဖြစ်ပေါ်သလဲ ?

ကွန်ပျူတာက ဖြေကြားလိုက်သည်မှာ

ကမ္ဘာဦးကျမ်း ကိုကြည့်ပါ။


(စာရေးဆရာတင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြသည်)

အသစ်ကျပ်ချွတ်

တခါက အလွန်ချမ်းသာသော ဦးနှောက်ရောဂါသည်တစ်ဦး ပါရဂူနှင့် တွေ့ဆုံစဉ်

ပါရဂူ - ခင်ဗျားအတွက် လုပ်စရာတစ်ခုပဲ ရှိတယ်။ အဲဒါက ခင်ဗျားဦးနှောက်ကို အစားထိုးဖို့ပဲ ... ။ ဒါပေမဲ့ ဒီအလုပ်က ဈေးကလဲ သိပ်ကြီးပြီးတော့ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးတယ်။

လူမမာ - ဈေးက ပြဿနာ မရှိပါဘူး။ အစားထိုးမဲ့ ဦးနှောက်က ရပါ့မလား ဆရာ။

ပါရဂူ - ရတယ် သုံးခုတောင် ရနိုင်တယ်။ကြိုက်တာရွေးပေါ့ ။ ပထမတစ်ခုက ပါမောက္ခဦးနှောက် ဈေးကဒေါ်လာ တစ်သောင်း ။

လူမမာ - ဒီလောက်တော့ တတ်နိုင်ပါတယ်။ ဒုတိယတစ်ခုကရော ....

ပါရဂူ - ဒုတိယတစ်ခုကတော့ အာကာသသိပ္ပံပညာရှင်ရဲ့ ဦးနှောက် ... ဈေးက ဒေါ်လာ တစ်သိန်း ။

လူမမာ - အဲဒါက ပိုကောင်းမှာပဲနော် .... တတိယကရော ။

ပါရဂူ - ဈေးက ဒေါ်လာ ငါးသိန်း ။

လူမမာ - ဈေးကြီးလှချည်းလား ဆရာ။

ပါရဂူ - အသစ်ကျပ်ချွတ်ကြီးလေဗျာ။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြပါသည်)

ဗိုင်းရပ်စ်နဲ့ စက်လေးခြင်း

တစ်ယောက်လာလဲ အစ်ကိုရေ ... .. ကျနော်စက် ဗိုင်းရပ်စ်ကိုက်နေပြီ ထင်တယ်။ စက်ကလေးနေတယ် ... လုပ်ပါအုံး။ နောက်တစ်ယောက် လာခေါ်ရင်လဲ ဗိုင်းရပ်စ် .. ... ။ စိတ်ညစ်စရာ ကိုဗိုင်းရပ်စ်တို့ရယ် ... ။ ခဏ ခဏ ဖြေရှင်းပေးနေရတော့ ငြီးငွေ့ချင်လာတယ်။

ဒီဗိုင်းရပ်စ်က ဖြေရှင်းမှ ဖြစ်တော့မယ်။ ဗိုင်းရပ်စ်မ၀င်အောင်နဲ့ စက်သွက်လက် မြန်ဆန်ဖို့အတွက် မိမိသိသလောက် မိမိအတွေ့အကြုံများအရ ရေးသားရှင်းလင်းဖို့ စိတ်ကူးရမိပါတယ်။ ဒါနဲ့ ဒီအကြောင်းအရာကို ရေးလိုက်ပါတယ်။

ကွန်ပျူတာသုံးစွဲသူတိုင်းရဲ့ လိုအင်ဆန္ဒက ကွန်ပျူတာ မြန်ဆန်ချောမွေ့ဖို့နဲ့ ဗိုင်းရပ်စ်ကင်းစင်ဖို့ ဆိုတဲ့ ဆန္ဒဆိုရင် မှားမယ် မထင်ပါဘူး။ အဲဒီအတွက်လည်း နည်းလမ်းမျိုးစုံကို သုံးစွဲနေကြပါတယ်။ Window XP မှာ ကွန်ပျူတာ မြန်ဆန်စေဖို့အတွက် နည်းလမ်းတွေ ပေးထားပါတယ်။

အဲဒါတွေကတော့ System Tool ထဲမှာ ရှိတဲ့ Disk Cleanup , Disk Defragmenter တွေဖြစ်ပါတယ်။ အဲဒါတွေအပြင် Temp File တွေ ဖျက်ဖို့အတွက် Run Box ကနေ Prefetch တို့၊ %temp% တို့ ရိုက်ဖွင့်ပြီး Shift + Delete လုပ်ရတာလဲ အမောပဲ နေမှာပါ။

ကွန်ပျူတာ သုံးစွဲသူတိုင်း စက်မြန်ဆန်စေဖို့ အမြဲတမ်းလိုက်နာဖို့ကတော့

၁) Software တိုင်း Install မလုပ်ရန်၊ (မိမိတို့အတွက် အသုံးဝင်မှသာ Install လုပ်ရန်)
၂) Memory Stick သုံးစွဲမှုကို လျော့ချရန် (Virus ကို အလွယ်တကူ သယ်ဆောင်နိုင်သည်)
၃) တစ်ပတ် တစ်ကြိမ်ဖြစ်ဖြစ် Disk Defragmenter လုပ်ရန်၊ (Window XP တွင် ပါဝင်သည်)
၎) Error များ စစ်ဆေးရန် စသည်တို့ကို မဖြစ်မနေ လုပ်ရမှာ ဖြစ်ပါတယ်။

မိမိသိသလောက်၊ ထင်မြင်သလောက် အဓိကအချက်တွေကို ပြောခြင်း ဖြစ်ပါတယ်။ Memory Stick မသုံးစွဲဖို့က ယနေ့ခေတ်မှာ မဖြစ်နိုင်ပါဘူး။ မိမိကိုယ်တိုင်လဲ သုံးစွဲနေပါတယ်။ သို့ပေမယ့် မိမိကွန်ပျူတာမှာ ယနေ့အထိ ဗိုင်းရပ်စ်ဆိုတာ မ၀င်သေးပါဘူး။ မ၀င်အောင်လည်း ကာကွယ်မှုတွေ လုပ်ထားပါတယ်။ စနစ်တကျ သုံးစွဲပါတယ်။

ဒီလို Virus မ၀င်အောင် မိမိအနေနဲ့ ဘယ်လိုမျိုးတွေ ဆောင်ရွက်ပြီး သုံးစွဲနေတယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။ မိမိစက်မှာ Auto Run ကို ပိတ်ထားပါတယ်။ CD ရော Memory Stick ရော Auto မဖတ်အောင် ပိတ်ထားပါတယ်။ ပိတ်တဲ့ နည်းလမ်းကတော့

၁) Start မှ Run Box ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) ပေါ်လာလျှင် Computer Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။
အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ။


၎) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။
၅) အထက်ပါအတိုင်းပင် User Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။
အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ။


၆) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။

ဒါဆိုရင် Memory Stick ပဲ သုံးသုံး၊ CD ပဲ သုံးသုံး Auto မပေါ်တော့ပါဘူး။ Auto အပေါ်တဲ့အတွက် My Computer က ဖွင့်ရမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်ကတော့ Memory Stick ထိုးသုံးတဲ့အခါ အဲဒီ Stick မှာ ဗိုင်းရပ်စ်ပါ မပါစစ်ဖို့အတွက် ဆော့ဝဲလ် လိုပါတယ်။ အဲဒါလေးကို ဒီမှာ ဖော်ပြပေးထားပါတယ်။ သုံးစွဲရမယ့် ဆော့ဝဲလ်ပါ။ အဲဒီဆော့ဝဲလ်ကို Stick မှာ ဗိုင်းရပ်စ် ပါတာနဲ့ ချက်ချင်း သတိပေးပါတယ်။

တတိယအဆင့်အနေနဲ့ My Computer ကို ဖွင့်တဲ့အခါ Double Click နဲ့ မဖွင့်ပဲ Window Key + E နဲ့ ဖွင့်စေချင်ပါတယ်။ အရင်ဦးဆုံး Memory Stick ကို ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်နဲ့ Scan စစ်ရပါမယ်။ စစ်ပြီး သတ်ပြီးမှ သုံးစွဲပါ။ ဗိုင်းရပ်စ်လို့ သံသယရှိတဲ့ ဖိုင်၊ Folder မှန်ရင် မကလစ်ပါနဲ့။

စတုတ္ထအဆင့်ကတော့ Computer ထဲက မိမိတို့ နေ့စဉ်သုံးစွဲနေတဲ့ ဖိုင်တွေကို Defrag လုပ်ပေးခြင်းပါပဲ။ Window XP မှာ ပါတဲ့ Defrag ကို သုံးနိုင်သလို ကောင်းမွန်တဲ့ အပြင်ဆော့ဝဲလ်တွေ ရှိပါတယ်။ အဲဒါကို ဒီမှာ ဖော်ပြပေးထားပါတယ်။

ပဉ္စမအဆင့်ကတော့ ကိုယ့်အတွက် အသုံးမ၀င်တဲ့ ဆော့ဝဲလ်တွေကို စက်ထဲ Install လုပ်ခြင်းပါပဲ။ စမ်းသပ်မှုတွေ အရမ်းမလုပ်စေချင်ပါဘူး။ ကိုယ်ကွန်ပျူတာအတွက် တကယ်အသုံးဝင်မှာလား မ၀င်ဘူးလား ဆန်းစစ်ပြီးမှ Install လုပ်စေခြင်းပါတယ်။ အဲဒီလို Install လုပ်ပြီးတော့လဲ ပြန်ဖျက်ကြပါတယ်။ အဲဒီအတွက် regedit ထဲမှာ register လုပ်လိုက် ဖျက်လိုက်နဲ့ ဆိုတော့ စက်ကို နှေးကွေးစေပါတယ်။ ဒါကြောင့် regedit အတွက် ဆော့ဝဲလ် လိုအပ်ပါတယ်။ အဲဒါကို ဒီမှာ ဖော်ပြပေးထားပါတယ်။ သုံးစွဲသင့်တဲ့ ဆော့ဝဲလ်ပါ။

ဆဌမအဆင့်ကတော့ ကိုယ့်ရဲ့စက်မှာ ဘာ Error တွေ ရှိမယ်ဆိုတာ သေချာမသိနိုင်ပါဘူး။ အဲဒီအတွက် error စစ်တဲ့ ဆော့ဝဲလ် ပြင်ပေးတဲ့ဆော့ဝဲလ် မဖြစ်မနေ သုံးစွဲရမှာ ဖြစ်ပါတယ်။ အဲဒီ ဆော့ဝဲလ်လေးကို ဒီမှာ ဖော်ပြပေးထားပါတယ်။

ဒါဆိုရင် ကွန်ပျူတာထဲကို ဗိုင်းရပ်စ်ရော ကွန်ပျူတာ လေးကွေးစေခြင်းတွေပါ ပပျောက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

သူ့အဖြေ

ဦးလေး။ ငါ့တူ မိဘတွေရဲ့ အရိပ်နဲ့ ချစ်သူအရိပ် ဘယ်ဟာက ပိုလုံခြုံမှုရှိသလဲ။

တူ။ မိဘရဲ့ အရိပ်ပေါ့ဗျာ။

ဦးလေး။ ဘာကြောင့် ပိုလုံခြုံရတာလဲ။

တူ။ ချစ်သူက တစ်ယောက်တည်းရယ်၊ မိဘက နှစ်ယောက်လေ။

ဟုတ်သားပဲ

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်းမြို့က ဈေးကြီးကြီး ဟိုတယ်တစ်ခုကို ရောက်ခိုက် ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဂိုပါးလ်တို့ဟာ ဂျာဗာရိုးရာ ဂီတကို သာယာနာပျော်ဖွယ် တီးမှုတ်နေတဲ့ တီးဝိုင်းတစ်ခုရဲ့ ဖျော်ဖြေမှုကို ခံစားနေခဲ့ကြသည်။

တီးဝိုင်းအဖွဲ့သားတစ်ယောက် ပလွေမှုတ်နေတာကြည့်ပြီးတော့ ဂိုပါးလ်က

"သူက ပလွေအပေါက်တွေကို ဘာလို့ လက်နဲ့ ပိတ်ပိတ်ထားရတာလဲ " လို့ မေးလိုက်တယ်။ ကျွန်တော်က

" လေမထွက်အောင်လို့ပေါ့ကွာ " လို့ ဖြေလိုက်တယ်။ အဲဒီမှာ သူပြန်မေးလိုက်တာက

" ဒါဖြင့်ရင် ဒီအပေါက်တွေကို အစက ဘာလို့ ဖောက်ထားရတာတုံး " တဲ့။

USB Antivirus


USB Security Tool ကို ဒီမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ USB Security ရှိခြင်းဟာ မိမိတို့ ကွန်ပျူတာတိုင်းမှာ ဗိုင်းရပ်စ် အန္တရာယ်အတွက် အင်မတန် လုံခြုံစိတ်ချရပါတယ်။ ယခု ထပ်မံ ဖော်ပြပေးလို့တာကလဲ USB Security အတွက်ပဲ ဖြစ်ပါတယ်။

ယခု ဆော့ဝဲလ်လေးကို မိမိတို့ရဲ့ စက်တွေမှာ Install လုပ်ထားရင် USB Stick ထိုးလိုက်တာနဲ့ Stick ထဲမှာ ပါတဲ့ ဗိုင်းရပ်စ်ကို သတ်ပေးသွားမှာ ဖြစ်ပါတယ်။ မဖြစ်မနေ ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးပါ။ ဒီမှာ Download လုပ်ယူပါ။

MS Word Password Remover


ဟိုတစ်နေ့ ကိုယ့်ဟာကိုယ် MS Word ကို Security အတွက် Password ပေးပြီး မေ့သွားလို့ ဒုက္ခရောက်ခဲ့ရတယ်။ ဒါနဲ့ အင်တာနက်မှာ Password ဖြုတ်တဲ့ ဆော့ဝဲလ်တွေ လိုက်ရှာဖြစ်တယ်။ တော်တော်နဲ့ မတွေ့ဘူး။ တွေ့တော့ သုံးကြည့်တာ ပျက်သွားတယ်။ တော်သေးတာပေါ့။ ၀ူး . .. သက်ပြင်းချမိတယ်။

ဒါနဲ့ စာဖတ်သူတွေလဲ ဒီပြဿနာမျိုးတွေ ကြုံတွေနိုင်တဲ့အတွက် MS Word Password Remover ဆော့ဝဲလ်လေး ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ Password = www.dl4all.com

Cartoon Network Game


Cartoon Network က နာမည်လဲ တော်တော်ကြီးသလို ကလေးလူကြီး ကြိုက်တဲ့ ရုပ်မြင်လိုင်းတစ်လိုင်း ဖြစ်ပါတယ်။ မိမိတောင် ကာတွန်းကားများနဲ့ လက်မလွှတ်သေးပါဘူး။ (ဟီး ကလေးစိတ် မကုန်သေးဘူးလို့ မပြောနဲ့နော်) အင်တာနက် သုံးရင်းနဲ့ ထူးထူးခြား ဂိမ်းလေး ရလာတယ်။ Cartoon Network Game တွေ။ ၅၁ မျိုးတောင် ပါတယ်။

ဂိမ်းတွေက Flash တွေဆိုတော့ Install လုပ်စရာ မလိုသလို တော်တော် ပေါ့ပါးတယ်။ ရှိလှ ဂိမ်းတစ်ခုကို 1 MB ပေါ့။ အပျင်းပြေ လျှောက်ဆော့ကြည့်တာ တစ်မျိုးတော့ ကောင်းတယ်။ ဆော့ရင်းနဲ့ အိပ်ပျော်သွားတယ်။ ဟီး။ နောက်တာ။ လိုချင်ရင် ယူစေဗျာ။ Download

Window 7 Theam


Window XP မှာ Window 7 Theam ပုံစံလေး ဖြစ်ဖို့အတွက် ယခုဖော်ပြတဲ့ ဆော့ဝဲလ်လေးက ပေါ့ပေါ့ပါးပါး လုပ်ဆောင်ပေးနိုင်ပါတယ်။ Desktop ကစပြီး Folder ပုံစံလေးတွေပါ ပြောင်းလဲ ပေးတဲ့အတွက် စိတ်ဝင်စားသူများ Download လုပ်ယူပါ။

ဆိုင်ကယ်ပြိုင်မောင်းမယ်


ဆော့ချင်လို့ လိုက်ရှာနေတာ မရခဲ့ဘူး။ ဒါနဲ့ သူငယ်ချင်းတစ်ယောက် ဂိမ်းမျိုးစုံပါတဲ့ အခွေကို ၀ယ်လာတော့ အဲဒီအခွေထဲ ပါလာတယ်။ ဆိုင်ကယ် ပြိုင်မောင်းတဲ့ ဂိမ်းလေးပါ။ လမ်းသရဲတွေ ပြိုင်တာ။ ထိုးတာ ကြိတ်တာတောင် ပါသေး။

ရဲကလဲ လိုက်ဖမ်းတယ်။ ဆိုင်ကယ်က ပြိုင်ရတာ အစီး(၁၅)စီး။ ပထမ၊ ဒုတိယ၊ တတိယ ရမှ ပိုက်ဆံရတယ်။ အဲဒီက ရတဲ့ ပိုက်ဆံနဲ့မှ ဆိုင်ကယ်ကို ၀ယ်လို့ရတယ်။ ပြောတာ ကြာပါတယ်။ ဒီမှာသာ Download ပေတော့။

Red Alert 2 Game

၂၀၀၃/ ၂၀၀၄ တုန်းက သဲကြီးမဲကြီး ဆော့ကစားတဲ့ ဂိမ်းပါ။ ထမင်းမစား၊ ဟင်းမစားနဲ့ နေ့မအိပ်၊ ညမအိပ် ဆော့ကစားတဲ့ ဂိမ်းလဲ ဖြစ်ပါတယ်။ အဲဒီဂိမ်းကတော့ လူတိုင်းသိတဲ့ Red Alert Game ပါ။ စစ်တိုက်ရာမှ ငွေကြေးတောင့်တင်းဖို့၊ လူအင်အားများဖို့၊ ပရိယာယ်ကြွယ်ဝဖို့ စတာတွေ အများကြီးလိုတဲ့ ဂိမ်းလေးပါ။


နေရာတိုင်းမှာလဲ ရှိနေပါတယ်။ မိမိလဲ သူငယ်ချင်းတစ်ယောက် အကူအညီကြောင့် ရခဲ့တာပါ။ သူငယ်ချင်း ပို့ပေးလို့ ဒီဂိမ်းလေးကို ရရှိခဲ့ပြီး ဆော့ကစားခဲ့တာပါ။ အခု လိုအပ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာသာ Download (1) Download (2) ယူပေတော့။

Tank Wars Game


အပျင်းပြေ ဆော့ကစားဖို့ အင်စတောလုပ်စရာမလိုပဲ ဖိုင်ဆိုဒ်သေးတဲ့ ဂိမ်းလေးတွေ ဖော်ပြ ပေးချင်ပါတယ်။ လွယ်ကူစွာ ဆော့ကစားနိုင်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်းလေးပါ။ Tank Wars Game အမည်ရပါတယ်။ ဆော့ကစားချင်သူများ ဒီတွင် Download လုပ်ယူပါ။

Governor of Poker 2


အပျင်းပြေတယ်လို့ ဆိုရမယ့် ဂိမ်းပါ။ စိတ်လှုပ်ရှားစရာ မလိုပဲ ဆော့ကစားလို့ ကောင်းပါတယ်။ Governor of Poker Game လေးပါ။ ဆော့ချင်လို့ ရှာဖွေထားတာပါ။ စာဖတ်သူများကို ပြန်လည်မျှဝေပေးပါတယ်။ Upload Site အခက်အခဲကြောင့် ဖိုင်လေးခု ခွဲတင်ထားပေးပါတယ်။ winrar နဲ့ ပြန်ပေါင်းရမှာပါ။ အဆင်ပြေပါစေ။

Download (1) , Download (2) , Download (3) , Download (4)

Picasa 3.6 အသုံးဝင်မှု


Google ပေး ဆော့ဝဲလ်ထဲက မိမိ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ်လေးတစ်ခုကို ညွှန်းချင်ပါတယ်။ Picasa Software လေးပါ။ Photo Viewer ဆိုပေမယ့် အသုံးတည့်တာတွေ များပါတယ်။

၁) Web ပေါ်ကို ဓါတ်ပုံတင် Upload လုပ်လို့ရခြင်း၊
၂) မိမိစက်ထဲတွင် ရှိသော ဓါတ်ပုံများကို Email ပေးပို့နိုင်ခြင်း၊
(ပို့ချင်သည့် ပုံများကို Upload လုပ်စရာမလိုသည့်အတွက် လျင်မြန်မှုက ပြောမပြနိုင်အောင်ပင်)
၃) Print ထုတ်ရာတွင် အထူးကောင်းမွန်ခြင်း၊
၎) Export လုပ်နိုင်ခြင်း၊
၅) Blog ကို တန်းတင်နိုင်ခြင်း၊
၆) Collage ခေါ် ပုံများကို ဖြတ်ညှပ်ကပ်လုပ်နိုခြင်း၊
၇) Movie လုပ်နိုင်ခြင်းနှင့် Youtube ကို တင်နိုင်ခြင်း၊
၈) Goolge Earth တွင် ထည့်သွင်းအသုံးပြုနိုင်ခြင်း၊

မိမိ အကြိုက်ဆုံးကတော့ စက်ထဲမှာ ရှိသမျှ ပုံများကို တစ်စုတစ်စည်းတည်း ရှာဖွေ ကြည့်ရှုနိုင်ခြင်းပင် ဖြစ်ပါတယ်။ ပုံကိုလဲ အကြီးချဲ့ ကြည့်စရာ မလိုပဲ ကြည့်နိုင်ပါတယ်။ အလွန်အသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခု ဖြစ်တဲ့အတွက် အရေးတယူ ရေးသားလိုက်ရပါတယ်။ သုံးရင်း သုံးရင်း သုံးရမည့် နည်းလမ်းများကို သိလာပါလိမ့်မယ်။ စိတ်ဝင်စားရင် Picasa 3.6 ဒေါင်းယူပါ။

Thursday, November 11, 2010

Java Games for your mobile phones

စာဖတ်သူရဲ့ ဖုန်းမှာ Java Application တွေ သွင်းလို့ရတယ်ဆိုရင် ဒီဆိုဒ်က Free Java Games တွေကို download ပြီးတော့ install လုပ်နိုင်ပါတယ်။ စာဖတ်သူဟာ ကွန်ပျူတာမှာပဲ ဒီဂိမ်းတွေကို ဆော့ချင်ရင် သို့မဟုတ် ဖုန်းထဲကို မသွင်းခင် computer မှာ အရင်စမ်းကြည့်ချင်ရင်တော့ mpowerplayer နဲ့ ကစားနိုင်ပါတယ်။ (မှတ်ချက်။ mpowerplayer သွင်းရင် Java လိုပါလိမ့်မယ်။ မသွင်းရသေးရင် ဒီက အရင်ယူပါ။)

Folder Lock Software


မိမိတို့ရဲ့ ဖိုင်တွေ၊ Folder တွေကို လုံခြုံစိတ်ချဖို့အတွက် Folder Lock ကို သုံးစွဲသင့်ပါတယ်။ အရင်က ဖော်ပြခဲ့ပေမယ့် အမြဲတမ်း မသုံးစွဲနိုင်တာရယ် ဒေါင်းတဲ့လင့်တွေ သေသွားတာရယ်ကြောင့် အခု ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းသုံးနိုင်အောင် Note File ထဲမှာ ကုဒ်တွေ ထည့်ပေးထားပါတယ်။ ဒီတွင် Download လုပ်ယူပါ။

Folder Lock ဆော့ဝဲလ်ကို Install လုပ်ပြီးပါက User ID တွင် TEAM HERITAGE နှင့် Key Password တွင် 683071673 ကို ဖြည့်ပါ။ ဒါဆို အမြဲတမ်းသုံးနိုင်ပါပြီ။ ဆော့ဝဲလ်ဘောက် ပေါ်လာချိန်တွင် password သည် မိမိပေးချင်သည့် အရာကို ပေးပါ။ နှစ်ခါ ပြန်ရိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Lock Folder ပေါ်လာပြီ မိမိတို့ သိမ်းချင်သည်များကို သိမ်းဆည်းနိုင်ပါပြီ။

Desktop ကို အလှဆင်


Desktop မြင်ကွင်းကို တစ်မူထူးခြားပြီ လှပတဲ့ Real Desktop Software ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေးကို Run ထားတဲ့အချိန်မှာ အပေါ်က မြင်ကွင်းလေးလို့ ဖြစ်နေမှာပါ။ Start ဘားတန်းပေါ်က Icon ကို ပိတ်လိုက်တဲ့အခါမှာတော့ နဂို မိမိတို့ရဲ့ Desktop ကို ပြန်ပေါ်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ Download လုပ်ယူပါ။ Patch ဖိုင်ထည့်ပေးထားပါတယ်။ Install လုပ်ပြီရင် Start bar မှာ ပေါ်နေတဲ့ R Icon လေးကို ပိတ်ပြီး Patch ဖိုင်ကို Run လိုက်ပါ။ ဒါဆို အမြဲတမ်း သုံးနိုင်ပါပြီ။

Battery Doubler Software


ထူးထူးဆန်းဆန်းလို့ ပြောရမလားပဲ။ မိမိအနေနဲ့ကတော့ ယုံသလိုလို မယုံသလိုလိုပါပဲ။ ဒီဆော့ဝဲလ်က ကောင်းမကောင်းတော့ သေချာမသိဘူး။ အကြောင်းကတော့ သူက laptop တွေမှာ သုံးတာဆိုတော့လေ။ ဒီဆော့ဝဲလ်ကို ညွှန်းထားတာတော့ Laptop ရဲ့ Battery ကို နှစ်ဆ တိုးစေတယ် ဆိုထားတယ်။

နာမည်ကိုလဲ ကြည့်လိုက်အုံးလေ။ Battery Doubler ဆိုပဲ။ ညွှန်းထားတာတွေကတော့ များသား။ ကဲပါလေ Laptop ကွန်ပျူတာ ရှိတဲ့ သူတွေအတွက် အသုံးဝင်နိုင် ကောင်းပါရဲ့။ စမ်းသုံးကြည့်ကြပေါ့။ ဆိုက်ကတော့ သေးငယ်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

Slideshow Studio Portable


ရှာလိုက်ရတာ။ တွေ့တော့လဲ ၀မ်းသာရတယ်။ ဓာတ်ပုံတွေကို သီချင်းနဲ့ အယ်ဘမ် လုပ်တဲ့အရာ။ လွယ်လဲလွယ်။ Install လုပ်စရာလဲ မလိုတော့ ပိုကြိုက်တာပေါ့။ Portable လေ။ အခုနောက်ပိုင်း Portable တွေ တော်တော် ခေတ်စားနေပုံရတယ်။

ဟိုဆိုက်မှာ တွေ့လဲ ဒါ။ ဒီဆိုက်တွေမှာလဲ ဒါ။ အခုလဲ မိမိက ရလာတော့ Portable။ အမှန်တော့ မိမိက Portable ကို နည်းနည်းတောင် မုန်းချင်တယ်။ သူရဲ့ အားနည်းချက်တွေကို မကြိုက်တာ။ ထားပါ။ ဆိုက်ကတော့ နည်းပါတယ်။ 21 MB ကျော်ကျော်ပဲ။ ဒီမှာ Download ယူ။
 

Visitors

Flag Counter
 

Designed By Blogs Gone Wild!