Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Thursday, November 11, 2010

USB strick ကို NTFS နဲ့ Format ချပြီး အသုံးပြုပုံ

တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေ ထည့်လို့ မရတော့တာမျိုး .. ။
ထုတ်လို့ မရတော့တာမျိုး … Virus ကိုက်သမ သွားတာမျိုးလေးတွေ ရှိတတ်ပါတယ် .. ။
အဲဒီလို အခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့်
အဆင်ပြေသွားပါတယ် ..။
အောက်ကနည်းလေးကတော့ …….USB drive ကို NTFS နဲ့ Format ချနည်းလေးပါ .. .။
၁။ ပထမဆုံး USB drive ကို တပ်လိုက် .. ။ ပြီးရင် My Computer ကို Right Click
နှိပ်ပြီး Manage ကို သွား..။
၂။ အဲဒါဆိုရင် computer management ကိုရောက်မယ် .. ။
အဲဒီရောက်ရင် System Tools က Device Manager ကိုသွား ပါရောက်ရင် ညာဘက်မှာDevice
Drive ဆိုတာလေး တွေ့ပါမယ် …။
အဲဒါကို ကလစ်လိုက်ရင် .. အဲဒီမှာ ကိုယ့် USB Drive ကို တွေ့ပါလိမ့်မယ် .. ။
၃။ တွေ့ပြီဆိုရင် USB Drive ကို RightClick ထောက် Propereties ကို သွား .. ။
ရောက်ရင် Tag မှာ Policies ကို ရွေး ..အဲဒီမှာ ၂ ခုတွေ့လိမ့်မယ် ..
“Optimize for quick removal” နဲ့ “Optimize for performance” ဆိုပြီး .. ။
အဲဒီမှာ “Optimize for performance” ကို ရွေးလိုက်ပါ .. ။
၎။ ဒါဆို USB drive ကို NTFS နဲ့ format ချဖို့ enables ဖြစ်သွားပါပြီ ..။
၅။ အားလုံးပြီးရင် OK ပေါ့ ...။
ပြီးရင် My Computer ကို သွား USB Drive ပေါ် Rightclick နှိပ်ပြီး Format
ချကြည့်ပါ.. ။ ချတဲ့ နေရာမှာ file system ကိုကြည့်လိုက်.. NTFS format option ကို
တွေ့လိမ့်မယ် … ။
ဒါဆိုရင် USB drive ကို NTFS နဲ့ Format ချလို့ ပြီးသွားပါပြီ .. ။

DOS ကနေ ဒီလိုလုပ်ရင် ပိုလွယ်တယ်
run > cmd > convert.exe
x:/fs:ntfs
ခဏစောင့် လိုက် NTFS နဲ့ format ပြောင်းပေးသွားမယ်

x: ဆိုတာကတော့ USB memory stick ရဲ့ drive letter

အဲဒီနည်းကပိုမြန်မယ်ဆိုတော့ပိုကောင်းတာပေါ့ရှင်
 အားလုံး အဆင်ပြေ နိုင်ကြပါစေရှင်...း)

No comments:

Post a Comment

 

Visitors

Flag Counter
 

Designed By Blogs Gone Wild!