Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Thursday, November 11, 2010

Windows Movie Maker

Vedio Edit ဝါသနာ ပါလွန်းလို့ ဒုက္ခ္ခတော်တော်လေး ရောက်ခဲ့ရပါတယ်။ ကျွန်တော် က ငယ်ငယ်လေးကတည်းက ပေါက်ကရတော်တော် လုပ်တဲ့ကောင်ဗျ ။ ဒီလိုနဲ့ ဟိုလိုက်ကြည့်ဒီလိုက်ကြည့်နဲ့ပေါ့ ။
ဒါနဲ့ လိုက်လိုက်စမ်းတော့ တွေ့တော့တာပေါ့ ။ အဲဒါဘာလဲဆိုရင်ဖြင့် Post ခေါင်းစဉ်အတိုင်း Windows Movie Maker ပါဘဲ ။ တော်တော် လေးတော့ ကောင်းပါတယ် ။ တကယ့် Vedio Edittor ကြီးလုပ်ဖို့ ရှိတဲ့ သူတွေ တွက်တော့ တော်တော်လေး အခြေခံ ကျပါတယ် ၊ အာသာလည်းပြေစေပါတယ် ။ ရွာက အလှူ တွေလောက်ကတော့ ဘယ်ပြောကောင်းမလဲ ။ သုံးရတာလွယ်ကူပါတယ် ။ ( မသုံးတတ်သော ဝါသနာ ပါသူများ သို့ သာရည်ရွယ်လျှက်ရေးသားရခြင်းဖြစ်သည် ။

စလိုက်မယ်ဆိုရင် - -  Start > All program > Windows Movie Maker   
 ပြီးရင် -ဓါတ်ပုံ တွေ ဆက်မယ် ဆိုရင်Import picture အဲလိုဘဲ ပုံတွေ ဆက်မယ်ဆိုရင် Import video ပေါ့ ။

နောက်ပြီး ကို အင်ပို့ လုပ်လိုက်လို့  တက်လာတဲ့ အကွက်အမှာထောက်ပြီး Ctrl + D နဲ့ Timeline ဆီထည့်ရမှာ ဖြစ်တယ်။  Edit Movie ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ လိုသလိုသုံးလို့ ရပါတယ်။ သုံးရတာ လွယ်လွန်းပါတယ်။ တစ်ခုခု ရွေးပြီး Timeline ဆီ ထည့်ချင်တယ်ဆိုရင် ဖြင့် Ctrl + D နဲ့ လိုက်လိုက် ထည့်ပါ ။
Video ထည့် လိုက်လို့  မူလ အသံ ကို ဖျောက်ချင်တယ် ဆိုရင် Timeline မှာ Right Click ထောက်ပြီး Mute ဆိုတာကို Check ( Click ) လိုက်ပါ ။လို အပ်သလို လုပ်ပြီးပြီ ဆိုရင်ဖြင့် File -> Save Movie File . . . / Ctrl + P နဲ့လည်းရပါတယ် ။ 

- Save Movie Wizard ကျလာရင် My Computer ကိုရွေး ၊ ပြီးရင် Next ပေါ့ ။
- နောက်တစ်ဆက်က 1. ဆိုတာ မူဗီ ရဲ့ နာမည် ။ 2. ဆိုတာ သိမ်းချင်တဲ့ နေရာ ။နောက်တစ်ဆင့် ထပ်သွားပေါ့ ။
- Movie Setting ဆိုတာ ရောက်လို့ ရှိရင် Other Setting -> DV-AVI ( NTSC ) ကိုရွေးပါ ။ ပြီးရင် Next
- Saving Movie ဆိုတာ ပေါ်လာရင်ထိုင်သာစောင့်နေရုံပေါ့ ။

******************************************************************************
ကျေးဇူးတင်ပါတယ်။ အခုလို လာရောက်ဖတ် ရှုပေးလို့ပေါ့ ။ ဒီပို့စ်က မသိသေးသူများတွက်လို့ ရည်ရွယ်ခဲ့လို့ ၊ သိပြီး တတ်ပြီး စာဖတ်သူများ အားအထူးပင် အားနာမိ ပါကြောင်း -

No comments:

Post a Comment

 

Visitors

Flag Counter
 

Designed By Blogs Gone Wild!