Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Thursday, November 11, 2010

Memory Card Recovery

ဒီရက်ပိုင်းက အလုပ်တော်တော်များတယ်။ ဘလော့ဘက်တောင် လှည့်မကြည့်နိုင်ဘူး။ အလုပ်ပြီးရင်း အလုပ်ဖြစ်နေတယ်။ ဟိုတစ်နေ့က မိတ်ဆွေ ဓါတ်ပုံဆရာတစ်ယောက် မိမိဆီ ရောက်လာတယ်။ သူကဒ်ထဲကဟာ တွေ Format ချလိုက်တာ ပြန်လိုချင်လို့တဲ့။ လုပ်ပေးပါတဲ့လေ။

ဒါနဲ့ မိမိမှာ ရှိတဲ့ Recovery Software တွေနဲ့ ပြန်ရှာပေးတာပေါ့။ တွေ့တယ် တော်တော်များများကို။ ဒါပေမယ့် သူလိုချင်တဲ့ ဖိုင်တွေ မတွေ့သေးဘူးလို့ ပြောတယ်။ မိမိလဲ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ဒါနဲ့ ထုံးစံအတိုင်း Google ကို အားကိုးရတော့တယ်။

တွေ့ပါရဲ့။ English ဆိုဒ်တစ်ခုက။ ရှားရှားပါးပါး အဲဒီဆိုဒ်ကလဲ ဒီဆော့ဝဲလ်လေးတစ်ခုထဲကို ဖော်ပြထားတယ်။ ကျန်တာက အာလာပ သလပတွေ များတယ်။ ယူကြည့်လိုက်တယ်။ သုံးကြည့်တော့ Memory Card ထဲက ပုံတွေ အကုန်ပေါ်တော့တယ်။ ဟူး . . . . သက်ပြင်းချနိုင်ပြီ။

စာဖတ်သူများ အားလုံး အသုံးလိုရင်သုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာသာ Download ပေးတော့။ မိမိကတော့ မောသွားပြီ။ အဆင်ပြေပါစေ။

No comments:

Post a Comment

 

Visitors

Flag Counter
 

Designed By Blogs Gone Wild!