Subscribe

RSS Feed (xml)


Powered By

Blogger Template From:
Free Blogger Skins

Powered by Blogger

Thursday, November 11, 2010

ဟာသ

ပြုံးစရာ လေးတွေပါ

ရောဂါရင့်နေပြီ


ဆရာဝန်၏ရုံးခန်းထဲသို့လူကြီးတစ်ယောက်ဝင်လာပြီးပြောသည်။
“ဒေါက်တာ. .ကျွန်တော် အိပ်မပျော်ဘူး သတိမေ့တာလဲလွန်ရော။ ကူပါဦး ဆရာ”
“အိပ်မပျော်တာက ညဦးပိုင်းမှာပါ ဖြစ်တာလား။ မနက်ပိုင်းအရောက်မှာဖြစ်တာလား”
“ညနဲ့ မနက်ကြားမှာပါ။ ညဥ့်လယ်လောက်မှာ ကျွန်တော် အပေါ့ထသွားတယ်။ အဲ့ဒီနောက်မှာ...ဘယ်လိုအိပ်အိပ်မပျော်တော့ဘူး။ ဟိုလှိမ့်ဒီလှိမ်နဲ့ မိုးစင်စင်လင်းတာပဲ”
“ဘယ်လို သတိမေ့တာလဲ....ပြောပြစမ်းပါ”
“အိမ်သာကနေ အိပ်ယာထဲပြန်လာဖို့ ကျွန်နော်အမြဲတမ်း သတိမေ့နေတယ် ဒေါက်တာရယ်”.






မဆိုင်ရင်ဝင်မစွက်နဲ့
မွေးထားသောမြင်း မကျန်းမာဖြစ်ပြီး လုံးဝမထနိုင်ပဲဖြစ်နေရာ တိ-မွေး-ကု ဆရာဂန်ကို မြင်းပိုင်ရှင်ခေါ်ပြသည်။
စစ်ဆေးကြည်ရှု့ ပြီးနောက် ဆရာဂန်က ပိုင်ရှင်ကိုခေါ်ပြသည်။
“ဆေးသုံးရက်စာ....ကျွန်တော် ပေးခဲ့မယ်။
ပထမရက်ဆေးတိုက်လို့ ဒီကောင်ထမလာဘူးဆိုရင်....ဒုတိယနေ့ဆက်တိုက် ။ ဒုတိယနေ့မှာလဲ ဒီကောင်မထနိုင်သေးဘူးဆိုရင် တတိယနေ့ဆက်တိုက်ပါ။ တတိယနေ့မှာ ဒီကောင်မထလို့ကတော့...မျှော်လင့်ချက်မရှိတော့ဘူး။ သူ့ကိုဂေဒနာ ဆက်ပြီးမခံစားစေနဲ့တော့။ ကျွန်တော်လာပြီး ဒီကောင်ကို ဆေးထိုးသတ်ပေးမယ်”

ဆရာဂန်၏ စကားကို အိမ်ရှင်မွေးထားသော ဂက်ကြားသွားသည်။
ဂက်သည် ပထမနေ့ဆေးတိုက် သည်ကိုလှမ်းကြည့်နေပြီး အိမ်ရှင်ထွက်သွားသည်နှင့် မြင်းအနားကပ်ကာပြောသည်။
“ဟေ့ကောင်.... ထဖို့ကြိုးစား။ နို့မဟုတ်ရင် မင်းကိုသတ်မှာကွ”
မြင်းသည်လဲနေရာမှ မထချေ။
ဒုတိယနေ့ မြင်းကိုဆေးတိုက်သည်။ခဏအကြာတွင် ဂက်ရောက်လာပြန်သည်။
“ဟေ့ကောင်....ထနော်။နို့မဟုတ်ရင်မင်း သေရမှာကွ”
ဒုတိယနေ့တွင်မြင်း နေရာက မရွေ့ ချေ။
တတိယနေ့ ရောက်လာသည် မြင်းကိုပိုင်ရှင်ဆေးထပ်ကြွေးသည်။အချီးနှီးပင်။
မြင်းသည် မထပဲ လုံးဂလဲလျောင်းနေသည်။ ညနေပိုင်းရောက်သောအခါ ဆရာဂန်ကို ပိုင်ရှင် ဖုန်းဆက်ခေါ်သည်။
ဤသည်ကို ကြားသည်နှင့် ဂက်သည် မြင်းဆီပြေးလာသည်။
“ဟေ့ကောင်မြန်မြန်ထ၊ မင်းကို သတ်ဖို့ဆရာဂန်လာတော့မယ်။ မသေချင်ရင် အမြန်ထစမ်း”
မြင်းသည် ဗြုန်းခနဲ့ နေရာမှထလိုက်သည်။ မိနစ်ပိုင်း အတွင်း ဆရာဂန်နှင့်မြင်း ပိုင်ရှင်တို့ရောက်လာကြသည်။
မတ်တတ်ရပ်နေသော မိမိ၏မြင်းကိုအြံ့သတကြီးကြည့်ပြီး မြင်းပိုင်ရှင်အာဒးရဂမ်းသာစွာပြောသည်။
“ ဟာ .... အံ့သြဖို့ကောင်းလိုက်တာ ဒီကောင့်ကိုစွန့်လွှတ်လိုက်ရတော့မယ်ထင်ထားတာ၊ ကြည့်စမ်း အခုတော့အကောင်းပကဓိအတိုင်းပါလား ။အဲဒီအထိမ်းအမှတ်နဲ့ အိမ်က ဂက်ကိုသတ် ပြီးပွဲကလေးတစ်ပွဲ လုပ်ရမယ်ဗျို့ ” တဲ့




ဥဏ်ကြီးရှင် ဖြေဆိုပွဲ


-
Titanic ဇာတ်ကားမှာ ”ဒီကာပရီယို” ကိုဘာလို့ ခေါင်းဆောင် မင်းသားအဖြစ်ရွေးတာလဲဟင်.
- “စတီဗင်ဆီးလ်ဂဲ ကိုရွေးကြည့်ပါလား။ အားလုံးကို သူကယ်လိုက်မှာပေါ့။”
- “မိန်းမတွေဟာ မျောက်နဲတူတယ်လို့ ပြောကြတယ်။အဟုတ်ပဲလား”
-“အဟုတ်ပဲ” မျောက်ဟာ ဒုတိယသစ်ကိုင်းကို မဆွဲမိမချင်း ပထမသစ်ကိုင်းကို လက်ကမလွှတ်ဘူး။နို့မို့ရင်
မျောက်သစ်ကိုင်းလွှတ်ဖြစ်သွားမှာပေါ့”

  • ”လျှို့ ဝှက်ချက် ကိုဘယ်လိုမှမပေါက်ကြားအောင် ထိန်းသိမ်းထားတဲ့မိန်းမဟာ ဘယ်လိုမျိုးမိန်းမလဲ”
  • “သူငယ်ချင်းမရှိတဲ့မိန်းမ”
“အကြံဥာဏ်ပေးရင်လက်မခံချင်ကြဘူး။ပိုက်ဆံကြတော့ယူကြတယ်။ဘာဖြစ်လို့လဲ”
“ပိုက်ဆံ ကို ပိုပြီးတန်ဖိုးထားကြလို့ပေါ့”


”လူပျင်းဆိုတာဘယ်သူလဲဟင်”
“အလုပ်လုပ်ချင်ယောင် မဆောင်တဲ့သူ”

“အဖေထက် အမေလုပ်တဲ့လူက သားသမီးတွေကို ဘာဖြစ်လို့ ပိုချစ်ကြတာလဲဟင်”
“ရှေးဂရိတွေခေါ်ပညာရှင်‘အရစ္စတိုတယ်‘ ရဲ့အဆိုအရ ကိုယ့်ရင်သွေးဖြစ်တယ်ဆိုတာကို အမေကပိုပြီး
စိတ်ချ ယုံကြည်လို့ဆဲ့ဗျာ”

“သင်တန်းပို့ချနေချိန်မှာ ကျောင်းသားတွေက မေးခွန်းမေးရင် ဆရာတွေ အမတန်သဘောကျကြတယ်။ဘာဖြစ်လို့လဲ”
“ပိုချတဲ့ အကြောင်းအရာကို နားမလည်တဲ့ကျောင်းသား တချို့ လဲရှိပါသေးလားဆိုတာ သူသိလိုက်ရလို့”

“၀တဲ့လူတွေဘာကြောင့် ရန်မဖြစ်ချင်ကြတာလဲဟင်”
“ပြေးရတာခက်လို့”

“ ဘယ်ခြေထောက်နဲ့ ညာခြေထောက် ဘယ်လို ခွဲရသလဲ”
“ဘယ်ခြေထောက်မှာ ခြေမ ဟာညာဘက်မှာရှိတယ်”

“ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အရင်စသလဲဟင်”
“မသိဘူး” ဒါပေမယ့် ကြက်ဖကိုတော့ ကျေးဇူးတင်တယ်”

“အမွှာပူး မွေးတဲ့နှုန်း....တိုးလာတယ်လို့ ပြောကြတယ် ထင်မြင်ချက်ပေးစမ်းပါ”
“ချာတိတ်လေးတွေ လူ့ ပြည်ကိုတစ်ယောက်တည်း ၀င်လာရမှာ ကြောက်ကုန်ကြပြီထင်တယ်”

“ကမ္ဘာပေါ်မှာ ငတုံး၊ ငအ တွေမရှိတော့ရင် ဘာဖြစ်မလဲဟင်”
“ခင်ဗျားကို ဆရာတင်တဲ့လူတွေ နည်းသွားမှာပေါ့”

“မိန်းမတစ်ယောက်ကို ချစ်စကားကြိုက်စကား အကြားကြီးပြောသင့်ပါကလား”
“မပြောသင့်ဘူး” ခင်ဗျားကို အပြောသမားသက်သက်လို့ထင်သွားလိမ့်မယ်”

“မိန်းမတစ်ယောက်ဟာ ယောကျာင်္းတစ်ယောက်ကို ဘယ်နှစ်ခါ ၀မ်းသာအောင် လုပ်နိုင်သလဲ”
“လက်ထပ်ဖို့ခေါင်းညိတ်လိုက်တဲ့အခါရယ်၊ ကွာရှင်းဖို့သဘောတူလိုက်တဲ့အခါရယ်....နှစ်ခါတည်းပါ။”

“မှိုတွေဘာလို့ ထီးပုံ ဖြစ်နေတာလဲဟင်”
မိုးတွင်းမှာပေါက်တာကိုးဗျား”

“တောထဲဝင်သွားရင် တိတ်ဆိတ်နေတာပဲ။ဘာဖြစ်လို့လဲ“
“တိရိစ္ဆာန်တွေမှ ဖိနပ် မစီးတာ”

“ကိုယ့်လုပ်အားရဲ့ ရလဒ်ကို ချက်ချင်းမြင်ချင်ရင် ဘာလုပ်ရမလဲ“
“ပန်ကန် ဆေးလိုက်“

“ယောကျာင်္းကောင်းဆိုတာ ဘယ်လိုမျိုးလဲဟင်”
“မိန်းမက ဟောင်တဲ့အခါတိုင်း ‘မြောင်’လို့ ပြန်ထူးတဲ့လူ”

“အပြောနဲ့ အလုပ်ညီအောင် ဘာလုပ်ရမလဲဟင်”
“ဘာမှမလုပ်နဲ ၊ ဘာမှမပြောနဲ့”

“တချို့ မိန်းမတွေ ဘာလို့အိမ်ထောင်စောစောပြုကြတာလဲဟင်”
“ဒုတိယ အိမ်ထောင်ပြုဖို့ နောက်ကျမှာ စိုးလို့”

“ထာဝရတရားအကြောင်း ဟောပြောနေတဲ့အချိန်မှာ ဘာကိုသတိထားရမှာလဲ”
“နာရီကို ခဏခဏ မကြည့်ဖို့”

“လဲနေသူကို မကန်ရဘူးဆိုတဲ့ အဓိပ္ပာယ်ကို ၇ှင်းပြပါလား”
“သူ ထ တဲ့အထိကို သည်းခံပြီး စောင့်ပါ ဆိုတဲ့အဓိပ္ပာယ်ပေါ့” ဟီးဟီးးးးးးး



မောင်ကောင်းထိုက်( နှီးပဒေါ) ရဲ့ဟာသပဒေသာလေးတွေပါ။ ပျော်စေချင်လို့မျှလိုက်ပါတယ်။

No comments:

Post a Comment

 

Visitors

Flag Counter
 

Designed By Blogs Gone Wild!