ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တစ်ရာခန့်တို့သည် ကမ္ဘာ့လျှို့ဝှက်ချက်ဟူသမျှကို သိရှိဖြေကြားနိုင်သည့် အတော်ဆုံး ကွန်ပျူတာကို စုပေါင်း တည်ဆောက်ခဲ့ကြသည်။ ထို့နောက် ပထမဦးဆုံး မေးခွန်းတစ်ခုကို မေးကြည့်ကြသည်။ ၎င်း မေးခွန်းမှာ
ကမ္ဘာကြီး ဘယ်လို စတင် ဖြစ်ပေါ်သလဲ ?
ကွန်ပျူတာက ဖြေကြားလိုက်သည်မှာ
ကမ္ဘာဦးကျမ်း ကိုကြည့်ပါ။
(စာရေးဆရာတင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြသည်)
အသစ်ကျပ်ချွတ်
တခါက အလွန်ချမ်းသာသော ဦးနှောက်ရောဂါသည်တစ်ဦး ပါရဂူနှင့် တွေ့ဆုံစဉ်ပါရဂူ - ခင်ဗျားအတွက် လုပ်စရာတစ်ခုပဲ ရှိတယ်။ အဲဒါက ခင်ဗျားဦးနှောက်ကို အစားထိုးဖို့ပဲ ... ။ ဒါပေမဲ့ ဒီအလုပ်က ဈေးကလဲ သိပ်ကြီးပြီးတော့ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးတယ်။
လူမမာ - ဈေးက ပြဿနာ မရှိပါဘူး။ အစားထိုးမဲ့ ဦးနှောက်က ရပါ့မလား ဆရာ။
ပါရဂူ - ရတယ် သုံးခုတောင် ရနိုင်တယ်။ကြိုက်တာရွေးပေါ့ ။ ပထမတစ်ခုက ပါမောက္ခဦးနှောက် ဈေးကဒေါ်လာ တစ်သောင်း ။
လူမမာ - ဒီလောက်တော့ တတ်နိုင်ပါတယ်။ ဒုတိယတစ်ခုကရော ....
ပါရဂူ - ဒုတိယတစ်ခုကတော့ အာကာသသိပ္ပံပညာရှင်ရဲ့ ဦးနှောက် ... ဈေးက ဒေါ်လာ တစ်သိန်း ။
လူမမာ - အဲဒါက ပိုကောင်းမှာပဲနော် .... တတိယကရော ။
ပါရဂူ - ဈေးက ဒေါ်လာ ငါးသိန်း ။
လူမမာ - ဈေးကြီးလှချည်းလား ဆရာ။
ပါရဂူ - အသစ်ကျပ်ချွတ်ကြီးလေဗျာ။
(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြပါသည်)
No comments:
Post a Comment